စနောက်ပြီးတော့ ပြောဆိုခဲ့တာပါ။

အာဂျင်တီးနားအသင်းနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကစားရမယ့် ခြေစမ်းပွဲမှာ မက်ဆီကို သူ လျှောထိုးဖျက်ထုတ်မှာဖြစ်တယ်လို့ အင်ဒိုနီးရှားကွင်းလယ်လူ မာဆယ်လင်နိုက နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားဟာ ဒီနေ့မှာ ဩစတြေးလျနဲ့ ခြေစမ်းပြီးနောက် အင်ဒိုနီးရှားနဲ့ ထပ်မံကစားသွားမှာလည်း ဖြစ်ပါတယ်။ 

မာဆယ်လင်နိုကတော့ မက်ဆီနဲ့ ခေတ်ပြိုင်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပရိသတ်ဖြစ်တယ်လို့ အင်ဒိုနီးရှားသတင်းဌာန disway က ဆိုပါတယ်။ ဒါကြောင့် မက်ဆီကို သူက ဖျက်ထုတ်ပစ်မယ်လို့ နောက်ပြောင်ပြောဆိုခဲ့ပြီး သူ့ရဲ့ အသင်းဖော် သူငယ်ချင်းတချို့ကလည်း မက်ဆီက မင်းကိုကြောက်လို့ ဒီပွဲကို လိုက်လာမှာမဟုတ်ဘူးလို့ စနောက်နေကြပါတယ်။ 

ဘယ်လ်ဂျီယံကလပ် KMSK Deinze မှာကစားနေတဲ့ မာဆယ်လင်နိုက "အင်ဒိုနီးရှားနဲ့ရင်ဆိုင်ရမယ့် မက်ဆီကို ကျနော် လျှောထိုးဖျက်ထုတ်မှာပါ၊ ဘာလို့လဲဆိုတော့ ကျနော်က ရော်နယ်ဒိုပရိသတ်တဦးဖြစ်နေလို့ပါပဲ" လို့ သူက ဂျာကာတာမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

"သူက တကယ့်ဂန္ထဝင်တဦးပါ၊ လက်ရှိမှာ ကမ္ဘာ့နံပါတ်တစ်ကစားသမားလည်းဖြစ်ပါတယ်၊ သူ့အ​ကြောင်း ကျနော် အများကြီး မပြောတတ်တော့ပါဘူး၊ ကျနော်တို့ အာဂျင်တီးနားကို ရင်ဆိုင်ရမှာကို ကြောက်ရွံ့နေမှာတော့ မဟုတ်ပါဘူး၊ တိုက်ပွဲဝင်သွားဖို့ အသင့်ပါပဲ" လို့ သူက ပြောဆိုခဲ့ပါသေးတယ်။ 

အာဂျင်တီးနားနဲ့ ခြေစမ်းပွဲကစားရမှာက အင်ဒိုနီးရှားကစားသမားတွေအတွက်တော့ တကယ့်ကို ထူးရှယ်အခွင့်အရေးဖြစ်ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံအသင်းကို ရင်ဆိုင်ရမှာဖြစ်သလို နာမည်ကျော်ကစားသမားအများအပြားနဲ့ ပြိုင်ဘက်တွေအဖြစ် ရှားရှားပါးပါး တွေ့ဆုံရမှာက သူတို့အတွက်တော့ တကယ်စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာပါတယ်။ 


Share

Loading Next Article...
က္က