ဆဲလ်တာဗီဂိုကို အရေးနိမ့်ခဲ့တာပါ။

ဆော်ဒီကလပ် အယ်လ်နာဆာဟာ မနေ့ညက ကစားခဲ့တဲ့ ဆဲလ်တာဗီဂိုနဲ့ ခြေစမ်းပွဲမှာ ငါးဂိုးပြတ်နဲ့ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာဘက်က ရော်နယ်ဒိုအပြင် အသစ်ခေါ်ယူထားတဲ့ ဘရိုဇိုဗစ်လည်း ပွဲထွက် ပါဝင်ကစားခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်နေခဲ့တာပါ။



ဒုတိယပိုင်းမှာတော့ ရော်နယ်ဒို၊ ဘရိုဇိုဗစ်တို့ကို အယ်လ်နာဆာနည်းပြက လူစားလဲခဲ့ပြီး ဆဲလ်တာဗီဂိုကလည်း တစ်သင်းလုံး လူစားလဲကစားခဲ့ပါတယ်။ အယ်လ်နာဆာကတော့ ကစားသမား ငါးယောက်ပဲ လူစားလဲခဲ့ပေမယ့် မထင်မှတ်ဘဲ ဂိုးတွေ ဆက်တိုက် ပေးလိုက်ရပြီး အရေးနိမ့်ခဲ့တာပါ။

အယ်လ်နာဆာဟာ ပွဲကစားချိန် (၅၇) မိနစ်နဲ့ (၆၂) မိနစ်၊ ငါးမိနစ်အတွင်းမှာ နှစ်ဂိုး ပေးလိုက်ရသလို ပွဲကစားချိန် (၇၁) မိနစ်ကနေ (၇၅) မိနစ်အတွင်းမှာပဲ သုံးဂိုးပေးလိုက်ရတာကြောင့် အခုလိုမျိုးပဲ ပွဲအပြီးမှာတော့ ငါးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ ရော်နယ်ဒိုက ပွဲကစားချိန် (၄၈) မိနစ်အထိ ပါဝင်ကစားခဲ့ပြီး ဘရိုဇိုဗစ်ကတော့ ပွဲကစားချိန် (၅၄) မိနစ်အထိ ပါဝင်ကစားခဲ့ပါတယ်။

ပထမပိုင်းမှာ အယ်လ်နာဆာတို့ ဦးဆောင်နိုင်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ရော်နယ်ဒိုက ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ အယ်လ်နာဆာအတွက် နစ်နာခဲ့ရပါတယ်။ ဇူလိုင်လအတွင်း ခြေစမ်းပွဲတွေ ဆက်တိုက်ကစားနေပြီဖြစ်တဲ့ အယ်လ်နာဆာအတွက်တော့ ဒီရှုံးပွဲက ပထမဆုံးရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

အယ်လ်နာဆာဟာ အယ်လ်ဗာကာ၊ ဖာရန်စ်တို့နဲ့ ကစားခဲ့ပြီး အဆိုပါပွဲတွေမှာ‌တော့ နိုင်ပွဲ ရရှိခဲ့ပါတယ်။ အခု ဆဲလ်တာဗီဂိုနဲ့ပွဲအပြီးမှာတော့ အယ်လ်နာဆာက ဘင်ဖီကာ၊ ပီအက်စ်ဂျီ၊ အင်တာမီလန်တို့လို ဥရောပရဲ့ နာမည်ကျော် အသင်းကြီးတွေနဲ့ ခြေစမ်းပွဲ ဆက်လက်ကစားသွားဦးမှာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က