ပရိသတ်တွေကတော့ အကြာကြီး တန်းစီခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ရိန်းဂျားစ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲက သတ်မှတ်ထားတဲ့ ပွဲကစားချိန်ထက် (၁၅) မိနစ် နောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။ ဒီပွဲကို အစောပိုင်းမှာ ဒေသစံတော်ချိန် (၄) နာရီမှာ ကစားဖို့ ပြင်ဆင်ထားခဲ့တာပါ။



ဒါပေမယ့်လည်း တကယ်တမ်း ပွဲစတင်ချိန်က (၄) နာရီ (၁၅) မိနစ်ဖြစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ကွင်းပြင်မှာ ပရိသတ်တွေက ကွင်းအတွင်း ဝင်ရောက်ခွင့်ရဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတာကြောင့်လို့ ဆိုပါတယ်။

ပွဲစတင်ခါနီးအချိန်အထိ ကွင်းအတွင်း ထိုင်ခုံလွတ်တွေ အများအပြား မြင်တွေ့ခဲ့ရတာကြောင့် အခုလိုမျိုး စီစဉ်ခဲ့တာပါ။ ရိန်းဂျားစ်ပရိသတ်အများအပြားက ဒီပွဲကို လာရောက်ကြည့်ရှုဖို့ စီစဉ်ခဲ့ကြပြီး ကွင်းပြင်က ဖြစ်ရပ်တွေအတွက်လည်း ဆိုရှယ်မီဒီယာပေါ်မှာ စောဒကတက်ခဲ့ကြပါတယ်။

ယူနိုက်တက်ရဲ့ တရားဝင် ဆိုရှယ်မီဒီယာကတစ်ဆင့်လည်း ပွဲချိန်ရွှေ့ဆိုင်းခဲ့တဲ့အကြောင်းရင်းကို တရားဝင်ကြေညာခဲ့ပြီး နှစ်ဖက်အသင်းပရိသတ်တွေရဲ့ အားပေးမှုအတွက်လည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဒီပွဲက သူတို့ရဲ့ ဒုတိယမြောက် ရာသီကြိုခြေစမ်းပွဲဖြစ်ခဲ့ပြီး ပွဲအပြီးမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က