စနေနေ့ မနက် ၁း၀၀ နာရီမှာ ကစားရတော့မှာပါ။

ခရစ္စတယ်ပဲလေ့အသင်းနည်းပြဗီယာရာကတော့ ရာသီအဖွင့်ပွဲအဖြစ် ဒီနေ့မှာကစားရမယ့် အာဆင်နယ်နဲ့ပွဲကို အနိုင်ကစားမယ်လို့ကြုံးဝါးပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ကတော့ ဗီယာရာရဲ့ ကစားသမားဘ၀က အသင်းဟောင်းဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ်နဲ့ အာဆင်နယ်ရဲ့အောင်မြင်မှုတွေမှာ ဦးဆောင်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ 

ပဲလေ့စ်ကတော့ နောက်ဆုံး ၈ ကြိမ်အဖြစ် အာဆင်နယ်နဲ့တွေ့ဆုံခဲ့ရာမှာ ၁ ပွဲတည်းသာ အရေးနိမ့်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဗီယာရာလက်ထက်မှာလည်း အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ယူထားခဲ့ပြီး အာတီတာအတွက် ခက်ခဲတဲ့ပြိုင်ဘက်အဖြစ် ရှိနေခဲ့တာပါ။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ပဲလေ့က ခြေစွမ်းပြခဲ့ပြီး ရာသီသစ်အတွက် အသင့်ဖြစ်နေတဲ့ပုံစံကို ပြသခဲ့ပါတယ်။

တဖက်မှာလည်း အာဆင်နယ်က ရာသီကြိုခြေစမ်းပွဲတ​ွေမှာ သွင်းဂိုး ၁၉ ဂိုးအထိရရှိခဲ့ကာ ပြိုင်ဘက်တွေကို ခြေပြတ်ဂိုးပြတ်အနိုင်ယူထားပြီး ပရိသတ်တွေကြား တော်တော်လေးရေပန်းစားနေတာပါ။ ဒီအရည်အသွေးတွေကို ဗီယာရာက အသိအမှတ်ပြုပြောဆိုခဲ့ပေမယ့် အဖွင့်ပွဲမှာ အာဆင်နယ်ကို အနိင်ရအောင် သူတို့ကစားသွားမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

"ကွဲပြားခြားနားတဲ့ ပွဲတပွဲဖြစ်လာမှာပါ၊ ကစားသမားသစ်တွေက သူတို့လူစာရင်းထဲမှာရှိနေပြီးတော့ ပိုပြီးကောင်းတဲ့အသင်းသစ်တသင်းလို့ ကျနော်ထင်ပါတယ်၊ ရာသီကြိုပွဲတွေမှာလည်း သူတို့အရမ်းကောင်းတဲ့ပွဲတွေကို ကစားနိုင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြိးတော့ကောင်းတဲ့နေရာကို ရောက်နေတယ်လို့ ကျနော်ထင်တယ်၊ ကစားသမားသစ်တွေကြောင့် ပိုပြီးတော့လည်း သန်မာလာတယ်၊ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ အာဆင်နယ်က နီးစပ်တဲ့အဆင့်ဖြစ်နေပါတယ်"

"ဒါက စိန်ခေါ်မှုဖြစ်မယ်ဆိုတာ ကျနော်တို့သိပြီးသားပါ၊ ဒါပေမယ့် ကျနော်တို့မှာရှိတဲ့အင်အားကလည်း သူတို့ကို ပြသနာတွေဖြစ်စေပါလိမ့်မယ်၊ ပြီးခဲ့တဲ့ရာသီက ကျနော်တို့အိမ်ကွင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဒီတကြိမ်တော့ ပိုပြီးပြင်းထန်တဲ့ပြိုင်ဆိုင်မှု ဖြစ်လာမယ်ထင်တယ်၊ မနက်ဖြန်ပွဲကအရေးကြီးပြိး အနိုင်ရဖို့ကိုပဲ ကျနော်တို့ ဦးတည်သွားမှာပါ" လို့ ဗီယာရာက သတင်းစာရှင်းလင်းပွဲမှာ​ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က