လူကာကူရဲ့ စကားတွေအပေါ် တူဟယ်လ်တယောက် အမြင်မကြည်မလင်ဖြစ်နေတာပါ။

ချဲလ်ဆီး နည်းပြ သောမတ်စ်တူဟယ်လ်က လူကာကူရဲ့ အင်တာဗျူးက ပြောစကားတွေအပေါ် ချက်ချင်း ပြန်လည် တုံ့ပြန်လာခဲ့တယ်လို့ သိရပါတယ်။ လူကာကူဟာ ချဲလ်ဆီးမှာ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ မပျော်ရွှင်ဘူးလို့ ပြောကြားခဲ့တာပါ။



ဒီပြောစကားအပေါ်မှာတော့ တူဟယ်လ်တယောက် စိတ်မချမ်းမသာဖြစ်နေပြီး အခုလိုပဲ တုံ့ပြန်လာခဲ့ပါတယ်။ တူဟယ်လ်က “ကျနော်တို့ကတော့ ဒါမျိုးကိုမကြိုက်တာ သေချာတာပေါ့။ ဒီလို ပွဲဆူမှုမျိုးကို ကျနော်တို့ အလိုမရှိပါဘူး။ ဘာအကူအညီမှမဖြစ်လို့ပါ”

“တကယ့်လက်တွေ့ကျတဲ့အရာထက်ပိုပြီး ဘာမှမလုပ်ချင်ပါဘူး။ စကားလေးတခွန်းလောက်ကို အစဆွဲထုတ်ပြီး ခေါင်းစဥ်တင်ရတာ လွယ်ပါတယ်။ နောက်တော့ ဒီဟာက လူကာကူပြောချင်တဲ့ အဓိပ္ပာယ်မျိုးဖြစ်ချင်မှ ဖြစ်မှာပါ။ လူကာကူလို ကစားသမားမျိုးဆီက ဒီလို အင်တာဗျူး၊ ဒီလိုခေါင်းစဥ်မျိုးကို မီဒီယာတွေ ပေးနိုင်တယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် အသင်းကရော၊ ကျနော်ရော ဒါကို မကြိုက်ပါဘူး။ ကျနော်တို့အတွက် တည်ငြိမ်အေးဆေးတဲ့ အခြေအနေတခုကို လိုအပ်ပါတယ်”

“သူ မပျော်ရွှင်ဘူးလို့လည်း ကျနော်မထင်ပါဘူး။ မနေ့က ကျနော့်ကို လာမေးလည်း ကျနော် ဒီလိုပဲဖြေမှာပါ။ အဲ့ဒါကြောင့်လည်း ကျနော် အံ့အားသင့်နေရတာပေါ့။ ဒါပေမယ့် ကျနော့်ကို လာမေးရမှာ မဟုတ်ပါဘူး။ တကယ်လို့ ဆွေးနွေးစရာရှိတယ်ဆိုရင် တံခါးပိတ်ဆွေးနွေးဖို့ အဆင်သင့်ပါပဲ”

“အခုတော့ အများကြီး အသံတွေ ဆူညံနေပါပြီ။ ဒါပေမယ့် ကျနော်တို့က ခေါင်းစဥ်ပဲဖတ်နေမှာ မဟုတ်ပါဘူး။ ဘာတွေဖြစ်ခဲ့လဲ ကျနော်တို့ နားလည်အောင် လုပ်မှာပါ။ အခုကိစ္စက လူကာကူရဲ့ နေ့စဥ်ဘဝ၊ ရပ်တည်ချက်ကို ထိခိုက်နိုင်မှာမဟုတ်ပါဘူး”

“ဒါပေမယ့် ခင်ဗျားတို့ သူ့ကိုသွားမေးပါ။ သူက အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်ပြီး ဒီလိုစကားမျိုး ပြောလိုက်ရင် ဘာဖြစ်မလဲ သူသိသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လူကာကူဟာ ချဲလ်ဆီး ကစားသမားဟောင်းတယောက်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီကမှ အင်တာမီလန်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က