ရော်နယ်ဒိုအတွက်တော့ ကျေနပ်စရာဂုဏ်ပုဒ်တစ်ခုဖြစ်ခဲ့ရပါတယ်။

အယ်လ်နာဆာနဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံး အားကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ အသက် (၄၀) တန်းကို ဝင်လာသည့်တိုင် သူ့ရဲ့ ခန္ဓာကိုယ်အနေအထား၊ ကွင်းတွင်းခြေစွမ်းတို့ကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ဆဲလည်း ဖြစ်ပါတယ်။



အထူးသဖြင့် ရော်နယ်ဒိုဟာ ကွင်းပြင်ပအမူအကျင့်တွေကြောင့် ခန္ဓာကိုယ်နဲ့ ကစားသမားဘဝကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်ကြောင့်လည်း လက်ရှိအချိန်အထိ ကစားသမားဘဝကို ရှေ့ဆက်နေနိုင်တာပါ။ အဲ့ဒါကြောင့်လည်း ဆွဲဆောင်မှုအရှိဆုံး အားကစားသမားစာရင်းမှာ ရော်နယ်ဒိုက မဲအများဆုံး ရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့နောက်မှာ ဖော်မြူလာဝမ်းရဲ့ နာမည်ကျော်တွေဖြစ်တဲ့ လူးဝစ်ဟာမီလ်တန်၊ လီကလာ့ခ်တို့က ကိုယ်စီရပ်တည်နိုင်ခဲ့ပါတယ်။ အခုအယောက် (၂၀) စာရင်းမှာလည်း ဘောလုံးသမား (၁၄) ယောက်အထိ ပါဝင်ခဲ့ပြီး ဘရာဇီးသား (၄) ယောက်၊ အာဂျင်တီးနားသား (၃) ယောက်နဲ့ ပေါ်တူဂီသား (၂) ယောက် ပါဝင်ခဲ့ပါတယ်။

ဒီကစားသမားတွေထဲမှာ နေမာ၊ ဘယ်လင်ဟမ်၊ ဒီဘားလား၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဒီပေါလ်၊ မက်ဆီ၊ အမ်ဘာပေ၊ ယာအိုဖီးလစ်တို့ ပါဝင်ခဲ့ပါတယ်။ အခု စာရင်းမှာတော့ မက်ဆီက အဆင့် (၁၄) နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပြီး ရော်နယ်ဒိုအတွက်တော့ ကျေနပ်စရာ မှတ်တမ်းတစ်ခုကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က