မက်ဆီနဲ့ဗာရက်တီတို့ရဲ့မြင်ကွင်းကို ပရိသတ်တွေနောက်ပြောင်နေတာပါ။

မနေ့ညက ကစားခဲ့တဲ့ တူးလော့စ်နဲ့ပီအက်စ်ဂျီတို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ ဧည့်သည်ပီအက်စ်ဂျီက နေမာ၊ အမ်ဘာပေ၊ ဘားနက်တို့ရဲ့ဂိုးတွေနဲ့ သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီက နှစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့သလို ပွဲမတိုင်ခင် မက်ဆီနဲ့ပတ်သက်တဲ့မြင်ကွင်းတခုကလည်း ပရိသတ်တွေအတွက် ပြောစရာဖြစ်နေပါတယ်။



ပွဲမစခင် နှစ်ဖက်ကစားသမားတွေ ကွင်းထဲဝင်ဖို့ ဥမင်လိုဏ်ခေါင်းအတွင်း တန်းစီနေချိန်မှာ မက်ဆီရဲ့အရှေ့မှာ အသင်းဖော် ဗာရက်တီက နေရာယူခဲ့ပါတယ်။ ဒီလိုမျိုးနေရာယူပြီးတဲ့နောက် ဗာရက်တီရဲ့ ဘောင်းဘီမှာ ပြဿနာတခုခုရှိနေပုံရပြီး မက်ဆီက ဒါကို ကြည့်ရှုပေးနေခဲ့တဲ့ အနေအထားကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

ဗာရက်တီကိုယ်တိုင်ကလည်း ဒီလိုမျိုးကြည့်ပေးဖို့ မက်ဆီကို အကူအညီတောင်းခဲ့ပြီး မက်ဆီကလည်း မဆိုင်းမတွဘဲ ဗာရက်တီရဲ့ ဘောင်းဘီအတွင်းပိုင်းအထိ ကြည့်ပေးခဲ့တာပါ။ တကယ့်ပြဿနာကတော့ ဘောင်းဘီအတွင်းမှာ ပါဝင်နေတဲ့ တံဆိပ်ကြောင့်ဖြစ်ပြီး မက်ဆီက ဗာရက်တီရဲ့ အခက်အခဲကို ချက်ချင်းဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် တစိတ်တပိုင်းထွက်ပေါ်လာတဲ့ပုံရိပ်တွေကို ပရိသတ်တွေက နောက်ပြောင်ဟာသလုပ်နေကြပါတယ်။

ပရိသတ်တွေက “မက်ဆီက ဘာလို့ ဗာရက်တီရဲ့တင်ပါးကို ကြည့်ပေးနေတာလဲ” “မက်ဆီက ဗာရက်တီကို နေရထိုင်ရမခက်အောင် ကူညီပေးခဲ့ပါတယ်” “မင်းကွာ အန်တိုနယ်လာ (မက်ဆီရဲ့ဇနီး) ကို လှည့်စားရက်တယ်” လို့ နောက်ပြောင်မှတ်ချက်ပြုခဲ့ကြပါတယ်။ ဒီပွဲမှာ မက်ဆီနဲ့ဗာရက်တီတို့နှစ်ယောက်က အမ်ဘာပေရဲ့ဂိုးအတွက်လည်း အကောင်းဆုံးပူးပေါင်းဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

ဗာရက်တီဆီကတဆင့် ရလာတဲ့ ဘောလုံးကို မက်ဆီက တောက်လျှောက်ဆွဲပြေးသွားပြီး နောက်ခံလူတယောက်ကို ပြန်ခေါက်ကာ အမ်ဘာပေအတွက် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ တူးလော့စ်နဲ့မကန်ခင် နောက်ဆုံးပွဲမှာ မိုနာကိုနဲ့တဖက်တဂိုးစီသရေကျခဲ့ပေမယ့် အခု ကြားရက်ပွဲစဥ်မှာတင် တူးလော့စ်ကို ပုံစံကောင်းပြပြီး အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က