စပိန်က သူပိုင်ဆိုင်ရာ ဟိုတယ်က ပြသနာဖြစ်ပွားနေတာဖြစ်ပါတယ်။

တရားရုံးအမိန့်ချမှတ်ခံရပြီးနောက် မက်ဆီဟာ စပိန်နိုင်ငံမှာပိုင်ဆိုင်ထားတဲ့ ပေါင် ၂၆ သန်း ဇိမ်ခံဟိုတယ်ကို ဖြိုချဖျက်ဆီးမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အဆိုပါဟိုတယ်ဟာ အခန်းပေါင်း ၇၇ ခန်းအထိ ပါဝင်ပြီး ၂၀၁၇ ခုနှစ်က မက်ဆီက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာမြို့နဲ့ ၄၀ ကီလိုအကွာမှာတည်ရှိတဲ့ Sitges ကမ်းခြေနဲ့ ပင်လယ်ကမ်းစပ်ကို မျက်နှာမူတည်ဆောက်ထားတာလို့ ဆိုပါတယ်။ 

ဒါပေမယ့်လည်း စပိန်က ဖော်ပြခဲ့တဲ့ သတင်းတွေအရ Sitges Town Hall က ဘလွန်းဒီအော ၇ ဆုရှင် မက်ဆီက အဆိုပါဟိုတယ်ကို မဝယ်ယူခင်ကတည်းက ဖြိုဖျက်ဖို့အတွက် အတည်ပြုထားပြိးဖြစ်တယ်လို့လည်း သိရပါတယ်။ El Confidencial ရဲ့ ဖော်ပြချက်အရ ဟိုတယ်လသာဆောင်တွေဟာ ကြီးမားလွန်းပြီး စီမံကိန်းလိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ဖြိုဖျက်ဖို့ အခြေအနေဖြစ်လာခဲ့တာလို့ လည်း သိရပါတယ်။ 

နောက်ထပ်အခြားပြသနာတွေလည်းရှိနေသေးပြီး ဟိုတယ်ရဲ့မီးပေးတဲ့အစီအစဉ်ကလည်း ဒေသစံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။ El Confidencial သတင်းဌာနက မက်ဆီကို ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အင်တာဗျူးတောင်းဆိုချိန်မှာ ဖြိုချဖို့အမိန့်ပေးထားမှုကို သူ မသိရှိဘူးလို့ မက်ဆီက ပြောဆိုခဲ့ကြောင်းလည်း အဆိုပါသတင်းဌာနကို ကိုးကားပြီး Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာက ထွက်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့နောက် မက်ဆီဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ ပြင်သစ်လီဂူးမှာ သွင်းဂိုးတစ်ဂိုးတည်းသာ ရရှိထားသေးပြီး အခက်တွေ့နေချိန်မှာ ကွင်းပြင်ပပြသနာတွေကလည်း မက်ဆီအတွက် ထိုးနှက်ချက်တွေဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာလည်း နည်းပြပိုချက်တီနိုနဲ့ အဆင်မပြေမှုတွေဖြစ်ပွားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

Share

က္က