နည်းပြဆောက်ဂိတ်ကတော့ မက်ဂွိုင်းယားကို ပစ်ပယ်ထားခြင်းကို မရှိခဲ့တာပါ။

ဒီလအတွင်းကစားရဖို့ရှိနေတဲ့ နိုင်ငံတကာပွဲစဉ်အတွက် အင်္ဂလန်အသင်းလူစာရင်းကို မနေ့ကရွေးချယ်ခဲ့ရာမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြနေတဲ့ ဆန်ချိုကို နည်းပြဆောက်ဂိတ်က ချန်လှပ်ခဲ့ကာ ဝေဖန်ခံနေရတဲ့​နောက်ခံလူဟယ်ရီမက်ဂွိုင်းယားကို အံ့အားသင့်ဖွယ်ရာရွေးချယ်ခေါ်ယူသွားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ 

ဆန်ချိုအပြင် ခြေစွမ်းပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်၊ ပုံမှန်ကစားခွင့်မရဖြစ်နေတဲ့ လင်ဂတ်တို့လည်း ကျန်နေရစ်ခဲ့ပါတယ်။ အဆိုပါကစားသမားတွေကတော့ ဆောက်ဂိတ်ပုံမှန်ရွေးချယ်လေ့ရှိတဲ့ကစားသမားတွေဖြစ်ပေမယ့် လက်ရှိအချိန်မှာ ခြေစွမ်းမပြနိုင်တာဖြစ်လို့ ကျန်နေရစ်ခဲ့တာ အံ့အားသင့်စရာမဟုတ်ပေမယ့် ဖေဖော်ဝါရီလအတွက် ယူနိုက်တက်တလတာအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဆန်ချိုကို ချန်ခဲ့တာက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ 

ဒါ့အပြင် ယူနိုက်တက်ပရိသတ်တွေကိုယ်တိုင် ဝေဖန်နေကြတဲ့ နောက်ခံလူမက်ဂွိုင်းယားပါဝင်လာခဲ့တာကလည်း ထောက်ပြချင်စရာဖြစ်နေခဲ့ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ အိုးထရက်ဖို့ဒ်မှာ စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့ ခေါင်းဆောင်မှုမျိုးကို ပြသနေသူလို့ ပရိသတ်တွေက ခံစားနေရပြီး အသင်းအတွက် ကောင်းကောင်းအကျိုးမပြုနိုင်ဘူးလို့ ဝေဖန်သုံးသပ်သူတွေကပါ ပြောဆိုနေကြတာဖြစ်ပါတယ်။ 

အင်္ဂလန်လူစာရင်းမှာတော့ 


ဂိုး - ပစ်ဖို့ဒ်၊ နစ်ပုပ်၊ အာရွန်ရမ့်ဒေးလ်

ခံစစ် - အာနိုးလ်၊ ကိုအာဒီ၊ မာ့ခ်ဂူဟီ၊ ရီဆီဂျိမ်းစ်၊ မက်ဂွိုင်းယား၊ တိုင်ရွန်မင်းစ်၊ လုခ်ရှော၊ ဂျွန်စတုန်းစ်၊ ဘင်၀ှိုက်

ကွင်းလယ် - ဘီလင်ဟမ်၊ ဂယ်လက်ဂ်ဂါ၊ ဟန်ဒါဆန်၊ မေဆန်မောင့်၊ ဒီကလန်ရိုက်၊ ဝါ့ပရောက်စ်

တိုက်စစ် - အေဘရာဟမ်၊ ဖိုဒန်၊ ဂရီလစ်ရှ်၊ ဟယ်ရီကိန်း၊ ဆာကာ၊ စမစ်ရိုး၊ စတာလင် တို့ဖြစ်ပါတယ်။ 


မက်ဂွိုင်းယားကို ခေါ်ယူခဲ့မှုနဲ့ပတ်သက်ပြီး ဆောက်ဂိတ်က "ဒီအသင်းအတွက် မက်ဂွိုင်းယားကို မရွေးချယ်ဖို့ဆိုတာ ကျနော်ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး၊ သူက ပွဲထွက်စာရင်းမှာ အရေးပါသူစြ်ပြီးတော့ ကျနော်တို့ကို ကမ္ဘာ့ဖလားဆီမီးဖို်နယ်နဲ့ ယူရိုဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့သူပါ၊ သူ့အကောင်းဆုံးပုံစံမဟုတ်တာသိပေမယ့် ကျနော်တို့အတွက် သူ ဘာလုပ်ပေးနိုင်လဲဆိုတာသိသလို လေးနှစ်လောက် သူက အမြင့်ဆုံးအဆင့်နဲ့ ကစးပေးခဲ့တာပါ' လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က