ဒီရာသီမှာ ၉ ပွဲကစား ၁ဂိုးသွင်း ၁ကြိမ်သာဖန်တီးပေးထားပါတယ်။

ပြီးခဲ့တဲ့ရာသီတွေမှာ မန်စီးတီးရဲ့ အဓိကဂိုးသွင်းရှင်တွေထဲက တစ်ဦးဖြစ်တဲ့ စတာလင်ဟာ မနှစ်ကစလို့ ခြေစွမ်းကျဆင်းလာခဲ့တာဖြစ်ပြီး မကြာခဏဆိုသလိုလည်း အရန်ခုံမှာထိုင်နေခဲ့ရပြီဖြစ်ပါတယ်။




မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမားရာဟင်စတာလင်ဟာ စွမ်းဆောင်ရည်တိုးတက်လာအောင် ကြိုးစားဖို့ သတိပေးခံလိုက်ရပြီဖြစ်ပါတယ်။ စတာလင်ဟာ ၂၀၁၅ မှာ လီဗာပူးလ်ကနေ မန်စီးတီးကို ရောက်ရှိလာခဲ့သူဖြစ်ကာ အသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ခြေစွမ်းက ကျဆင်းနေခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပွဲပေါင်း ၃၀၀ ကျော်မန်စီးတီးအတွက် ကစားပေးထားတဲ့ အင်္ဂလန်လက်ရွေးစင်ဟာ ဂွာဒီယိုလာနှစ်သက်တဲ့ ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ဂျက်ဂရီလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူခဲ့ပြီးနောက် စတာလင်အတွက် ပုံမှန်ကစားခွင့်ရဖို့က နည်းပါးလာပြီး အသင်းအတွက် ၉ ပွဲကစားပေးထားရာမှာ တစ်ဂိုးသာသွင်းယူထားနိုင်ပြီး တစ်ကြိမ်သာဖန်တိးထားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲမှာ No 9 Role နေရာမှာ ကစားခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့ စတာလင်ကို talkSport ကတဆင့် ဆိုင်မွန်ဂျော်ဒန်က အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ "အခုချိန်မှာ စတာလင်အတွက် ဆုံးဖြတ်ချက်က နှစ်ခုပဲရှိပါတယ်၊ ပုံမှန်ကစားခွင့်ရအောင် သူ့ရဲ့စွမ်းဆောင်ရည်မြင့်မားလာဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် မန်စီးတီးကနေ ထွက်ခွာသွားမလားဆိုတာပါပဲ၊ သူ့နေရာကို ဂရီလစ်ရှ်က ကစားနိုင်တဲ့အရိပ်အယောင်ရှိနေပြီး သူ ဘာလုပ်မှာလဲ မေးရပါတော့မယ်" လို့ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲမှာလည်း စတာလင်ဟာ ဒုတိယပို်င်းမှာ ဂျီးဆပ်နဲ့ လူစားလဲလှယ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာ မန်စီးတီးရဲ့ အဓိကဂိုးသွင်းရှင်တွေထဲက တစ်ဦးဖြစ်တဲ့ စတာလင်ဟာ မနှစ်ကစလို့ ခြေစွမ်းကျဆင်းလာခဲ့တာဖြစ်ပြီး မကြာခဏဆိုသလိုလည်း အရန်ခုံမှာထိုင်နေခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ရာမှာတော့ စတာလင် ပါဝင်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။

Share

က္က