နာပိုလီက ၁၇ မှတ်ဖြတ် ဦးဆောင်ထားဆဲပါ။

သောကြာနေ့ညက အီတလီစီးရီးအေမှာတော့ အမှတ်ပေးဇယားကို ဥိးဆောင်နေတဲ့ နာပိုလီဟာ အိမ်ကွင်းမှာ လာဇီယိုကို ထင်မှတ်မထားဘဲ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီရာသီ ဒုတိယမြောက် စီးရီးအေရှုံးပွဲကို နာပိုလီတို့ရင်ဆိုင်လိုက်ရတာဖြစ်သလို စီးရီးအေမှာပဲ ပထမဆုံးအိမ်ကွင်းရှုံးပွဲကို ခံစားလိုက်ရပါတယ်။ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် နာပိုလီက အမှတ်ပေးဇယားမှာ သိသိသာသာ အမှတ်ဖြတ်တောက်ထားဆဲပါ။ 

လာဇီယိုအတွက် တလုံးတည်းသောအနိုင်ဂိုးကိုတော့ ဗီစင်နိုက သွင်းယူပေးခဲ့တာဖြစ်ပြီး နာပိုလီကွင်းမှာ ၇ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေမှုတွေကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ လာဇီယိုနည်းပြဆာရီကတော့

သူ့အသင်းဟောင်းရဲ့ ခြေစွမ်းထက်မြက်နေမှုတွေကို ရပ်တန့်နိုင်ခဲ့ပြီး အော့ဆီမန်နဲ့ ခါဗရာတို့လည်း​ ချေပဂိုးတွေရဖို့ အားထုတ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ သူတို့ရဲ့ ကန်သွင်းချက်၊ ခေါင်းတိုက်ချက်တွေက လွဲချော်နေခဲ့ပါတယ်။ 

စီးရီးအေမှာ ဘယ်လိုမှရပ်တန့်မရဖြစ်ပြီး အမှတ်ပေးဖလားကိုပါ သိမ်းပိုက်နိုင်ပြီလို့ ကြွေးကြော်လို့ရတဲ့အထိ နာပိုလီက နိုင်ပွဲတွေဆက်နေခဲ့တာပါ။ ဒီပွဲရှုံးပေမယ့် အမှတ်ပေးဇယားမှာ ၁၇ မှတ်ဖြတ်တောက်ထားဆဲဖြစ်လို့ ချန်ပီယံဆုအတွက်က စိုးရိမ်စရာမရှိဘဲ အေးအေးဆေးဆေးပဲလို့ ပြောလို့ရပါသေးတယ်။ 

ဒုတိယပိုင်းမှာ နာပိုလီက ဆက်တိုက်ဖိကစားခဲ့ပြီး အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် ဘားတန်းထိထွက်ခဲ့တာ၊ လာဇီယိုဂိုးသမားနဲ့ ခံစစ်ပိုင်းက ကာကွယ်နိုင်ခဲ့တာတွေကြောင့် နစ်နာခဲ့ရပါတယ်။ နာပိုလီကတော့ လာမယ့်ပွဲတွေအဖြစ် အတ္တလန္တာ၊ ချန်ပီယံလိဂ်ပွဲအဖြစ် ဖရန့်ဖတ်တို့နဲ့ ကစားရမှာဖြစ်ပြီး လာဇီယိုကတော့ ယူရိုပါလိဂ်ပွဲအဖြစ် အယ်လ်ခမာနဲ့ ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က