ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံဟာ ဖခင်ကြီး တွံတေးသိန်းတန် ကွယ်လွန်ခြင်း နှစ်(၂၀) ပြည့်အတွက် အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Photo : ရွှေရည်သိန်းတန် FB
မြန်မာသံအဆိုတော်ကြီးတွံတေးသိန်းတန် ကွယ်လွန်သွားခဲ့တာဟာ နှစ်(၂၀) ရှိခဲ့ပါပြီ. ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံဟာ ဖခင်ကြီး တွံတေးသိန်းတန် ကွယ်လွန်ခြင်း နှစ်(၂၀) ပြည့်အတွက် အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖခင်တွံတေးသိန်းနဲ့ မိခင် ဒေါ်ချစ်စံပယ်တို့အတွက် ရည်းစူးပြီး ဇန်နဝါရီ( ၁၁) ရက်နေ့ မနက်ပိုင်းက တာမွေမြို့နယ်၊ မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်းတိုက်မှာ ရှိတဲ့ သံဃာတော်များအား ဆွမ်း၊ သင်္ကန်းနဲ့လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Photo : ရွှေရည်သိန်းတန် FB
“ဖေဖေနှစ်၂၀ပြည့် သိက္ခာထပ်အလှူတော်မင်္ဂလာ ဖေဖေ မေမေတို့နှင့်ထပ်တူ မိသားစုအားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေရှင်?? ကြွရောက်ပေးကြတဲ့မိသားစုညီအကိုမောင်နှမများအာဘွားပါရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၁၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ ဆက်လက်ပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ အလှူအတန်းတွေကို (၇) ရက်သားသမီးတွေအတွက် မေတ္တာပို့ အမျှပေးဝေထားပါသေးတယ်။
"ဤနေ့.သည်.သောကြာနေ့ဖြစ်ပါသဖြင့့်..သောကြာဂြိုလ်မင်းကြီးနှင့်တကွသောကြာသားသမီးအပေါင်း၏ကိုယ်စားပဌာန်းဒေသနာတော်နှင့်ဂုဏ်တော် ၉၀၀၀၀ ရက် ၉၀အဓိဌာန်ပူဇော်ခြင်းအား၎င်း သံဗုဒ္ဓေ ၁၀၈ကြိမ် ရက်၉၀ပူဇော်၍ မေတ္တာသုတ်ပရိတ်တော်မြတ်ကိုသောကြာဂြိုလ်သက်အလိုက်၂၁ကြိမ်တိတိပူဇော်ပါ၏ဘုရား..ဤကောင်းမှုကြောင့်သောကြာဂြိုလ်မင်းကြီးနှင့်တကွ..သောကြာသားသမီးအပေါင်းတို့သည်...သောကြာနေ့ဖွားအနုပညာရှင်များတို့သည်၎င်း.သောကြာနေ့ဖွား ရတနာလုပ်ငန်းဖြင့်အသက်မွေးကြသူ..ဝတ်ဆင်ကြသူအပေါင်းတို့သည်၎င်း. ဘေးရန်ခပ်သိမ်းငြိမ်းပါစေ..ဒေါသခပ်သိမ်းငြိမ်းပါစေ..ဆင်းရဲခပ်သိမ်းငြိမ်းပါစေ..နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ.လူအချင်းလှည့်ပတ်ခြင်း...အထင်သေးခြင်း...ဆင်းရဲစေလိုခြင်းကင်းရှင်းကြပါစေရှင်?ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ" ဆိုပြီး ပြောထားပါသေးတယ်။
Photo : ရွှေရည်သိန်းတန် FB
မြန်မာသံအဆိုတော် ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံဟာ အလှူအတန်းတွေကို ဆက်တိုက် လုပ်နေသူတွေလည်း ဖြစ်ပါတယ်။ ဖခင်ကြီးအတွက် ရည်စူးပြီး အလှူအတန်းတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ပေးနေသလို ဖခင်ရဲ့ မွေးရပ်မြေမှာလည်း ဘုရားတည်ခဲ့ပါသေးတယ်။ သူမဟာ လက်ရှိမှာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သူမ ဝါသနာပါရာ စီးပွားရေးလုပ်ငန်းလေးနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။