လူတွေများလွန်းလု့ိပိတ်မိခဲ့တာပါ။

ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျိုက်ထီးရိုးစေတီတော်ကို လာရောက်ဖူးမျှော်ကြသူတွေများပြားပြီး တောင်တက်တောင်ဆင်းလမ်းတွေ ပိတ်မိခဲ့ပေမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ လမ်းပိတ်ဆို့မှုတွေနည်းသွားပြီလို့သိရပါတယ်


Photo - ကျိုက်ထိုသတင်း

မနေ့ကတော့ ဘုရားကြီးတိုးဂိတ်မှာလည်း ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေသလို ကျိုက်ထီးရိုးတောင်ပေါ်မှာလည်းလူတွေပြည့်နေခဲ့သလိုတောင်တက်တောင်ဆင်းလမ်းတွေလည်းပိတ်ခဲ့ပါတယ်။

အဲ့ဒီလို တောင်အတက်အဆင်းလမ်းတွေ ပိတ်ဆို့မှုကြောင့် တောင်ပေါ် မရောက်သေးတဲ့ ဘုရားဖူးလာသူ လမ်းတစ်ဝက်ကနေ လှည့်ပြန်ခဲံရတာတွေလည်းရှိတယ်လို့ ဘုရားဖူးသွားသူတွေက လူမှုကွန်ရက် facebook ပေါ်မှာ ပြောဆိုမှုတွေရှိပါတာ်။

"ဒီနေ့တော့ တောင်တက်တောင်ဆင်းလမ်းတွေရော သေချာ စနစ်တကျပြန်ပြီး ချိန်ညှိထားသလို ရဲတပ်ဖွဲ့ကလည်း ကူညီပြီးတော့ လမ်းတွေရှင်းပေးနေတဲ့ အတွက် သိပ်ပြီးကျပ်တာမရှိတော့ပါဘူး။"လို့ ကင်းမွန်းစခန်း ရဲစခန်းက တာဝန်ရှိသူက Duwun ကို ဒီဇင်ဘာ ၃၁ ရက်နေ့ကပြောပါတယ်။

မနေ့ကတော့ လမ်းပိတ်ဆို့မှုတွေကြောင့် တောင်ပေါ်မှာ လူအများအပြားပိတ်မိနေတာကြောင့် အဆင်းကားတွေကို ညလုံးပေါက်ပြေးဆွဲပေးခဲ့ရတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က