ကလေးကိုအဓမ္မပြုကျင့် သတ်ဖြတ်ပြီးနောက် ရေကန်ထဲပစ်ချခဲ့တာပါ။

ကျူးလွန်သူက ကလေးမိသားစုနဲ့ တစ်အိမ်တည်းအကန့်ကန့်ပြီး နေထိုင်သူဖြစ်ကာ ကလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး ခေါ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

photo-ဟိတကာရီ ဗုဒ္ဓဘာသာ လူငယ်များနာရေးကူညီမှုအသင်း

မွန်ပြည်နယ် ကျိုက္ခမီမြို့မှာ လေးနှစ်အရွယ်ကလေးငယ်ကို လှေသားတစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ရေကန်ထဲကို ပစ်ချကာ အလောင်းဖျောက်မှုဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ(၅)ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့ပြီး အချိန်တိုအတွင်းမှာပဲ တရားခံကို ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

ကျူးလွန်သူနဲ့ ကလေးငယ်မိသားစုက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပြီး တစ်အိမ်တည်းမှာပဲ အကန့်ကန့်ပြီးနေထိုင်တာဖြစ်တယ်လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဟိတကာရီ ဗုဒ္ဓဘာသာလူငယ်များ နာရေးကူညီမှုအသင်း ဥက္ကဌက ကိုသက်ဝင်းပိုင်က ပြောပါတယ်။

“ ဖြစ်စဉ်က မနေ့က ည (၇)နာရီလောက်က ကျူးလွန်သူက ကလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး ခေါ်သွားတာ။ လမ်းမှာ အမျိုးသမီးတစ်ဦးကတွေ့လို့နင်ကလေးဘယ်ခေါ်သွားမလို့လဲမေးတော့ မုန့်ဝယ်ကျွေးမလို့ပြောပြီးထွက်သွားတယ်။ ည(၈)လောက်ထိပြန်ရောက်မလာတော့မှ မိဘနဲ့ အိမ်နီးချင်းတွေက စခန်းသွားပြီးအမှုဖွင့်တယ်၊ စခန်းကပြန်လာတော့ လမ်းက ရေကန်ဘေးမှာ ကျူးလွန်သူက အဝတ်စိုနဲ့လမ်းလျှောက်နေတာမြင်လို့ မိဘတွေက ကလေးကောမေးတော့ သူမသိဘူူး၊ မုန့်ဝယ်ကျွေးပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီးပြောတယ်။ အဲဒီအချိန်ကျမှ စခန်းကိုဖုန်းဆက်ခေါ်လို့ ကျွန်တော်တို့အဖွဲ့နဲ့ သွားရောက်စစ်ဆေးခဲ့တယ်” လို့ ကိုသက်ဝင်းပိုင်က Duwun ကိုပြောပါတယ်။

စစ်ဆေးကြည့်တဲ့အခါမှာ ကလေးကိုရေကန်ထဲ ပစ်ချထားကြောင်းဝန်ခံလို့ ရေကန်ထဲ ဆင်းရှာတော့ ကလေးအလောင်းကိုတွေ့ရှိခဲ့ကာ ညတွင်းချင်းပဲ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး တရာခံကိုလည်း ဖမ်းဆီးထားတယ်လို့ပြောပါတယ်။



photo-ဟိတကာရီ ဗုဒ္ဓဘာသာ လူငယ်များနာရေးကူညီမှုအသင်း

ဖြစ်စဉ်နဲ့ပက်သက်ပြီး ကျိုက္ခမီနယ်မြေစခန်းကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ အခုချိန်မှာ ကျွန်တော်တို့ဖြစ်စဉ်ကို အတိအကျဘာမှပြောလို့မရသေးဘူး စစ်ဆေးဆဲကာလဖြစ်တယ်။ ကျူးလွန်သူကိုတော့ ပုဒ်မ(၃၀၂)၊(၃၇၆) နဲ့ အမှုဖွင့်ထားပြီး ရမန်ယူထားတယ်” လို့ ကျိုက္ခမီ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူကလေးရဲ့အလောင်းကို ဒီကနေ့ ဇွန်(၆)ရက်နေ့မနက်ပိုင်းက ဆရာဝန်စစ်ဆေးမှုတွေဆောက်ရွက်ခဲ့ပြီး စစ်ဆေးချက်အဖြေအရ ကလေးကိုအဓမ္မပြုကျင့် သတ်ဖြတ်ပြီးမှ ရေကန်ထဲပစ်ချတာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ နေ့လယ်(၂)နာရီမှာပဲ ကလေးရဲ့အလောင်းကို သဂြိုလ်မှာပါ။ ကျိုက်က္ခမီမြို့မှာ ယခုလိုဖြစ်စဉ်က တစ်ခါမှ မဖြစ်ဘူးပဲ

ဒါကပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တာလို့ ကိုသက်ဝင်းပိုင်က ဆိုပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအများဆုံးနေထိုင်တာဖြစ်တယ်လို့လည်းသိရပါတယ်။

Share

Loading Next Article...
က္က