ငွေသုံးသိန်းနဲ့ ဆိုင်ကယ်တစ်စီးလုယူသွားခဲ့ပါတယ်။

ကျိုက်ထိုမြို့ရှိ၂၄ နာရီဖွင့်လှစ်တဲ့ One Stop Mart စတိုးဆိုင်မှာ ဇန်နဝါရီ ၁၅ ရက် ည ၁၂ နာရီ လောက်က လူငယ် ၂ ဦးက သေနတ်နဲ့ ခြိမ်းခြောက် ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ရဲစခန်းက သိရပါတယ်။

Photo - Zin Moe (CCTV မှတ်တမ်းကိုတွေ့ရစဉ်)

AK-47 သေနတ်ကိုင်ဆောင်ထားတဲ့ အသက် ၂၀ အရွယ် လူငယ်၂ ဦးက စတိုင်းဆိုင်ထဲဝင်လာပြီး အရောင်းစာရေးမဆီကနေ ငွေသုံးသိန်း တောင်းခံခဲ့ရာ မရှိကြောင်းပြောတာကြောင့် ကောင်တာရှိငွေတွေကို နှိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် ဆိုင်မှာ ဈေးလာဝယ်တဲ့ အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ်သော့တောင်းပြီး မောင်းယူထွက်ပြေးသွားခဲ့ပါတယ်။

Photo- Zin Moe

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲစခန်းကို အမှုဖွင့်တိုင်ကြားတာကြောင့် ကျိုက်ထိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းခဲ့ရာ ကျိုက်ထို-ကင်မွန်းချောင်သွားကားလမ်းဘေးမှာ ကျူးလွန်သူ အောင်ကိုကိုဦးနဲ့ ရဲထက် ဆိုသူတို့ကို ဖမ်းဆီးမိခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လကတည်းက တပ်ကနေ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့လည်း ရဲမှတ်တမ်းတွေက ဆိုပါတယ်။

၎င်းတို့ လုယက်ယူဆောင်သွားတဲ့ မြန်မာကျပ်ငွေ ၂ သိန်းကျော်နဲ့အတူ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး အခင်းဖြစ်စဉ်က အသုံးပြုခဲ့တဲ့ သေနတ်မှာ ဟောင်သရောမြစ်အနီးမှာ နေထိုင်သူတစ်ဦးထံမှ ငွေကျပ်(၅) သိန်းဖြင့် ဝယ်ယူခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ က်ရှိမှာတော့ ၎င်းတို့နှစ်ဦးကို ကျိုက်ထိုရဲစခန်းက (ပ)၄၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က