Honor A Series ရဲ့ Member အသစ်ဖြစ်တဲ့ Honor 8A မိတ်ဆက်ပွဲကို Honor Myanmar ရဲ့ ဥက္ကဌဖြစ်သူ Mr. Bai Jing က ဦးဆောင်ပြီး ဒီကနေ့ မတ်လ (၂၅) ရက်နေ့က Asia House Restaurant မှာ ကျင်းပခဲ့ပါတယ်။
၆.၀၉ လက်မ အကျယ်ရှိတဲ့ Dewdrop Screen HD+ Display နဲ့ ထွက်ရှိလာပြီး ပုံမှန်ဖုန်းတွေထက် (၃၀%) ပိုကျယ်တဲ့ SmartPA Speaker ပါဝင်တဲ့ Entry Level Honor 8A ကို ဈေးနှုန်း ၁၇၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Other Feature တွေအနေနဲ့ Face unlock ၊ Mobile Data မလို နားကြပ်မလိုဘဲ ဖုန်း Speaker နဲ့ Radio နားဆင်နိုင်မယ့် Wireless FM Radio feature တို့ ပါဝင်ပါတယ်။နောက်ထပ် ထူးခြားတဲ့ Feature တစ်မျိုးကတော့ ဖုန်းကြာကြာ သုံးစွဲသူတွေအတွက် မျက်စိကျန်းမာရေး မထိခိုက်အောင် ဖုန်းမျက်နှာပြင်မှ ထွက်ရှိတဲ့ Blue Light ကို လျှော့ချပေးမယ့် TUV Rheinland Eye Comfort Certification နဲ့ ဖုန်းမျက်နှာပြင်ကို ဖွဲ့စည်းတည်ဆောက်ထားတာပါ။
Specs တွေအနေနဲ့ကတော့ Ram 3 GB ၊ Memory 32GB ၊ 512GB အထိ MicroSD Card ထပ်စိုက်နိုင်မှာ ဖြစ်ပြီး Battery ကတော့ 3020mAh ပါ။Sim Card အနေနဲ့ နှစ်ကဒ်ထည့်သွင်းနိုင်ပြီး နှစ်ကဒ်လုံးအတွက် 4G LTE System ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ Rear Camer က 13 MP, f/1.8 ၊ Font Camera ကတော့ 8MP ဖြစ်ပြီး ညအချိန်တွေမှာပါ Selfie ရိုက်ကူးနိုင်မယ့် Soft-flash ring screen fill light ကို ထည့်သွင်းပေးထားပါတယ်။Honor 8A ကို အရောင်အနေနဲ့ ရွှေရောင်၊ အနီ၊ အနက်နဲ့ အပြာရောင်ဆိုပြီး လေးမျိုးရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
မိတ်ဆက်ပွဲအတွင်း Honor Fan Club မှ Honor ဖုန်း အသုံးပြုသူ နှစ်ယောက်ကို ရွေးချယ် ဖိတ်ကြားပြီး Honor
ဖုန်းအသုံးပြုသည့် experience များကိုဝေမျှစေခဲ့ပြီး လက်ဆောင်များပေးအပ်ခဲ့ပါတယ်။ ထပ်ပြီး Honor Fan Club အသင်းဝင်တွေ အနေနဲ့ မိမိတို့ သုံးစွဲနေတဲ့ ဖုန်းတွေကို Honor 8A အသစ်တစ်လုံးနဲ့ လဲလှယ်နိုင်မယ့် #ChangeForBetter ဆိုတဲ့အထူးအစီအစဉ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
ဒါ့အပြင် သင်္ကြန်အထူးပရိုမိုးရှင်းအနေနဲ့ Honor 8C , Honor 8X နဲ့ Honor 7S ဝယ်ယူသူတိုင်းအတွက် အများဆုံး နှစ်သောင်းကျပ်အထိ Discount ရနိုင်မယ့် အစီအစဉ်တွေအပြင် အခြား Honor Series ဝယ်ယူသူတိုင်းအတွက် Ear Phone နဲ့ Water Proof Bag တွေ လက်ဆောင်ပေးသွားမှာ ဖြစ်ကြောင်းလည်း အဆိုပါ မိတ်ဆက်ပွဲမှ သိရပါတယ်။