စုစုပေါင်း ၁၀ ဆုဖြစ်ပါတယ်။

City FM ရဲ့ ၁၇ ကြိမ်မြောက် ဂီတဆုချီးမြှင့်ပွဲမှာတော့ ဂီတဆုပေါင်း ၁၀ ခုကို ထိုက်ထိုက်တန်တန်ဆုချီးမြှှင့် ခဲ့တာဖြစ်ပါတယ်။

၁၇ ကြိမ်မြောက် City FM ဆုချီးမြှင့်ပေးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ညနေက ရန်ကုန်မြို့၊ မင်းဓမ္မလမ်း ပေါ်ရှိ Myanmar Convention Center မှာ ကျင်းပခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး၊ တောင်းဆိုမှုအများဆုံး၊ ရေပန်းအစားဆုံး စတဲ့ ဂီတဆုပေါင်း (၁၀) ဆုတို့ကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါတယ်။

ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး သီဆိုသူ အမျိုးသား - ဖိုးသောကြာ (နဂ္ဂနီ)

 

ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး သီဆိုသူ အမျိုးသမီး - ရွှေယမင်းဦး (အလှူကြီးပေးတဲ့အိမ်)

 

ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး ထုတ်လုပ်သူ - ဖိုးသောကြာ (နဂ္ဂနီ)

 

ရောင်းအားအကောင်းဆုံး စတူဒီယိုတေးစီးရီသီဆိုသူ အမျိုးသား - စိုင်းစိုင်းခမ်းလှိုင် (Sai Sai is Sai Sai)

 

ရောင်းအားအကောင်းဆုံး စတူဒီယိုတေးစီးရီးသီဆိုသူ အမျိုးသမီးဆု - အိုင်းရင်းဇင်မာမြင့် (MAR)


ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး ထုတ်လုပ်သူ - စိုင်းစိုင်းခမ်းလှိုင် (Sai Sai is Sai Sai)


သီချင်းတောင်းဆိုခံရမှုအများဆုံး အမျိုးသားတေးသံရှင်ဆု - ရွှေထူး


သီချင်းတောင်းဆိုခံရမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆု - နီနီခင်ဇော်


ရေပန်းအစားဆုံး တေးသံရှင်သစ် အမျိုးသားအဆိုရှင်ဆု - ဖိုးပြည့်


ရေပန်းအစားဆုံး တေးသံရှင်သစ် အမျိုးသမီးအဆိုရှင်ဆု - ကေကေမိုး

City FM ရဲ့ ဆုချီးမြှင့်ပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေကလည်း စောင့်မျှော်ကြည့်ရှုအားပေးကြတာ ဖြစ်ပါတယ်။ အခုလို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးကိုလည်း City FM က နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပါတယ်။ 

Share

Loading Next Article...
က္က