ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးသူ ခင်လှိုင်က ၄ ကြိမ်မြောက် ရေအလှူအတွက် မကွေးတိုင်း၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရှိ စွယ်ပေါက္ကံကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။
Photo: Khin Hlaing
ခင်လှိုင်က သူကိုယ်တိုင် ဦးဆောင်တဲ့ ရေကုသိုလ်အကျိုးတော်ဆောင်အသင်းကနေပြီးတော့ ရေအခက်အခဲဖြစ်နေတဲ့ ဒေသအတွက် အလှူတစ်ခုပြုခဲ့ပြန်ပါပြီ။ ဒါကတော့ သူ့အတွက် ၄ ကြိမ်မြောက် ကုသိုလ်ဖြစ်ပါတယ်။
‘’ရေကုသိုလ်အကျိုးတော်ဆောင်အသင်းနှင့် ၇ ရက်သားသမီးရေကုသိုလ်ရှင်များစုပေါင်းလှူဒါန်းမည့် ၄ ကြိမ်မြောက် စက်ရေတွင်း၊ ရေစဉ်၊ ရေကန်၊ ရေစက်၊ မီးစက် လှူဒါန်းမည့် မကွေးတိုင်း၊ မကွေးခရိုင် ၊ ချောက်မြို့နယ်
စွယ်ပေါက္ကံ( အရှေ့ရွာ)သို့ ယနေ့ ၁၁.၇.၂၀၁၉ တွင် ကျွန်တော်တိုု့သွားရောက်ပြီး ကနဦး စရံငွေ ပေးချေခဲ့ပါသည်’’လို့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးခဲ့ပါတယ်။
Photo: Khin Hlaing
အဲဒီနောက် ရေအကျိုးတော်ဆောင်အသင်းအတွက် လိုအပ်သည်များကို လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။
‘’ကျွန်တော်တို့ အသင်းနှင့်အတူ ရေတွင်းတူးရန် မြေနေရာလှုဒါန်းပေးပါသော ဦးဘရီ+ဒေါ်တင်နွဲ့ မိသားစု စွယ်ပေါက္ကံ(အရှေ့ရွာ)အားအထူးပဲကျေးဇူးတင်ရှိပါသည်။ ရေကုသိုလ် အလှုရှင်များ ကြည်နူးပီတိဖြစ် စေရန် တင်ပြအပ်ပါသည်အလှုရှင်များစာရင်းကိုထပ်ပြီးတင်ပြသွားပါမည်ခင်ဗျာ။ ရေကုသိုလ် အကျိုးတော်ဆောင်အသင်း’’ ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါသေးတယ်။
Photo: Khin Hlaing
ခင်လှိုင့်ရဲ့ ပထမဆုံးအကြိမ် ရေတွင်းအလှူတော်အဖြစ် မကွေးတိုင်းဒေသအတွင်းမှာ ရေပြတ်လတ် နေတဲ့ မကွေးတိုင်းမြို့နယ် ကြာကန် ကျေးရွာအုပ်စုမှာရှိတဲ့ ကြာကုန်းတဲဘုန်းကြီးကျောင်းတိုက်ကို စက်ရေတွင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒုတိယအကြိမ် ရေအလှူကိုတော့ မန္တလေးတိုင်း မတ္တရာမြို့နယ် မင်္ဂလာ သီရိကျေးရွာမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း ရေအခက်အခဲဖြစ် နေတဲ့ ဒေသတွေမှာ ရေတွင်းတွေ လှူဒါန်းသွားဦးမယ်လို့လည်း ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။
Photo: Khin Hlaing
ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။