စိတ်ကူးအကြံဉာဏ်ကောင်းတွေ မျှဝေနိုင်ဖို့ ရည်ရွယ်တဲ့ TEDxYangon ဟောပြောပွဲကို လာမယ့် အောက်တိုဘာ ၆ ရက်မှာ ရန်ကုန်မြို့ Strand Hotel မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
TEDxYangon 2018 မှာ“ ဒီနေ့ရဲ့ အနာဂတ်” ခေါင်းစဉ်အောက်မှာ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးမှာ ဖြစ်ကာ လူအများနဲ့ အဖွဲ့အစည်းတွေ ပြုမှုဆောင်ရွက်လိုက်တဲ့ အရာတွေက အနာဂတ်မှာ ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဟောပြောမှာ ဖြစ်ပါတယ်။
ဆွေးနွေးပြောကြားသူ ၂၀ ဦးပါဝင်မှာဖြစ်ပြီး လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုစေတဲ့ စိတ်ကူးအကြံဉာဏ်ကောာင်းတွေကို မျှေ၀ ဟောပြောမှာလည်းဖြစ်ပါတယ်။
TEDxYangon 2018 ကျင်းပမယ့် အသေးစိတ်အချက်အလက်တွေကို လာမယ့် သြဂုတ်လ ၂၄ ရက်မှာ Strand Hotel မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
TEDx ပွဲဆိုတာ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပပြုလုပ်နေကြတဲ့ ပွဲတစ်ခုဖြစ်ပြီး လူတွေ တစ်ယောက်နဲ့ တစ်ယေက် စိတ်ကူးကြံဉာဏ်ကောင်းတွေ မျှဝေနိုင်ဖို့ ရည်ရွယ်ကျင်းပတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ TEDxYangon ပွဲကြီး၂၀၁၆ ခုနှစ် မှစတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းကကျင်းပခဲ့တဲ့ ပွဲမှာ ဆွေးနွေးဟောပြောသူ ၁၈ ဦး၊ တတ်ရောက်သူ ၆၀၀ ကျော်ရှိခဲ့ပါတယ်။