သေဒဏ်ချမှတ်ခံရသူနှစ်ဦးက ခုနစ်ရက်အတွင်း အယူခံဝင်နိုင်ပါတယ်။

ကြိုးမိန့်သေဒဏ်ချမှတ်ခံရတဲ့ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ အယူခံဝင်၊မဝင်နဲ့ပတ်သတ်ပြီးတော့ ကာယကံရှင်ကသာ ဆုံးဖြတ်လိမ့်မယ်လို့တရားခံတွေရဲ့ ရှေ့နေဖြစ်သူက အမိန့်ချမှတ်အပြီးမှာ ပြောပါတယ်။

“ အယူခံတင်တယ်ဆိုတာက ကျွန်တော်တို့ ပြောမှ မဟုတ်ဘူး။ ဥပဒေမှာနဂိုကတည်းက ပါပြီးသား။ အဲ့ဒီသတ်မှတ်ပြီးသား ဥပဒေကို သုံးချင်ရင်သုံး၊ မသုံးချင်ရင် မသုံးနဲ့။ ဒါက ကာယကံရှင်ရဲ့ ဆန္ဒပဲ ” လို့ ရှေ့နေဖြစ်သူက မီဒီယာတွေရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အယူခံဥပဒေအရ သေဒဏ်ချမှတ်ခံရသူနှစ်ဦးအတွက် (၇) ရက်သတ်မှတ်ပေးထားတာဖြစ်ပြီးတော့ ကျန်သူနှစ်ဦးအတွက်ကိုမူ ရက် ( ၆၀) အတွင်းအယူခံဝင်ရန်သတ်မှတ်ပေးထားတယ်လို့လည်း ရှေ့နေက ပြောပါတယ်။

သနတ်သမားကြည်လင်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ပုဒ်မ ၃၀၂(၂)၊လက်နက်အမှုပုဒ်မ ၁၉(ဃ)(စ) နဲ့စွဲချက်တင်ထားတာဖြစ်ပြီးသေဒဏ် အပြင် ထောင်ဒဏ် (၂၃)နှစ်ချမှတ်ခဲ့ပါတယ်။ သေနတ်သမားကြည်လင်းကို လူသတ်ဖို့ ခိုင်းစေခဲ့တဲ့ အောင်ဝင်းဇော်ကိုတော့ ရာဇသတ်ကြီးပုဒ်မ၃၀၂ (၁)(ခ)/၃၄ နဲ့စွဲချက်တင်ထားတာဖြစ်ပြီးတော့ မသေမချင်း ကြိုးမိန့်သေဒဏ်ချမှတ်ခဲ့တာပါ။

အဆိုပါလုပ်ကြံလူသတ်မှုမှာပါဝင်ခဲ့တဲ့ အောင်ဝင်းထွန်းကိုတော့ ထောင်ဒဏ် (၃)နှစ်ချမှတ်ခဲ့တာပါ။ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ဇေယျာဖြိုးကိုတော့ ဦးကိုနီကို လုပ်ကြံဖို့ အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁၀၀၀ ပေးအပ်ခဲ့တာဖြစ်တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၁၀၉ နဲ့ စွဲချက်တင်ထားတာဖြစ်ပြီးတော့ ထောင်ဒဏ် (၅)နှစ်ချမှတ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က