ဠ- ၈၅၇၅၂၀ နံပတ်နဲ့ ဆွတ်ခူးခဲ့တာပါ။
ကျုံပျော်မြို့ ဆင်နှစ်ကောင်ကျေးရွာ အလက(ခွဲ)မှာ KGတန်းပြ ဆရာမတစ်ဦးမိသားစုက ကျုံပျော်မြို့ မြန်ပြည်ချမ်းသာထီဆိုင်ကြီးကနေ ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ သူဆီက (၃)စောင်တွဲထီကံစမ်းရင်း အခုလိုကံထူးခဲ့တာပါ။ 

photo- Naing Lin Soe

ဒီကနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ထွက်ရှိတဲ့ အောင်ဘာလေထီဆုကြီးရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ဆင်နှစ်ကောင်ကျေးရွာမှ ကျောင်းဆရာမတစ်ဦးရဲ့ မိသားစုက ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ကံထူးနံပတ် ဠ-၈၅၇၅၂၀ နံပတ်နဲ့ ဆွတ်ခူးခဲ့တာဖြစ်ပြီး ကိုဇော်မင်းထွန်း + ဆရာမဒေါ်ခိုင်ခိုင်ဝင်း မိသားစုတို့က ကံထူးခဲ့တာလည်းဖြစ်ပါတယ်။ ဆရာမ ဒေါ်ခိုင်ခိုင်ဝင်း က ဆင်နှစ်ကောင်ကျေးရွာက အလက(ခွဲ)မှာ KGတန်းပြ ဆရာမတစ်ဦးဖြစ်ပြီး ကျုံပျော်မြို့ ဦးစိုးသန်း မြန်ပြည်ချမ်းသာထီဆိုင်ကြီးကနေ ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ သူဆီက ကံထူးခဲ့တာပါ။

photo- Naing Lin Soe

“ ကိုယ်စားလှယ်က ကျွန်တော်တို့ထီဆိုင်က ပြန်ယူပြီးရောင်းတာ။ အခုပေါက်တဲ့ သူကလည်း ကိုယ်စားလှယ်ဆီကနေပြန်ပေါက်တာ။ ကျွန်တော်တို့ဆီကပေါက်တာဆိုတော့လည်း ကံထူးရှင်မိသားစုနဲ့အတူ ထပ်တူဝမ်းသာတာပေါ့ဗျာ။ ကျွန်တော်တို့ထီရောင်းလာတာလည်း အနှစ် (၃၀)လောက်ရှိပြီ အခုလို ထီဆုကြီးက ကျွန်တော်တို့ဆီကနေ သူတို့မိသားစုပထမဆုံးကံထူးခဲ့တာပဲ။ အတိုင်းမသိပါဘဲ “ လို့ ကျုံပျော်မြို့ မြန်ပြည်ချမ်းသာထီဆိုင်ကြီးမှ ဦးစိုးသန်းက Duwun ကိုပြောပါတယ်။

ကံထူးခဲ့တဲ့ မိသားစု အိမ်ကို ထီကိုယ်စားလှယ်က ထီလာရောင်းလို့ (၃)စောင်တွဲ ထိုးခဲ့ရာကနေ အခုလို ကံထူးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

photo- Naing Lin Soe

“ ကျွန်တော်တို့က ထီတစ်ခါမှမပေါက်ဖူးဘူး။ မပေါက်လို့ဆိုပြီး မထိုးတာတစ်နှစ်လောက်ရှိပြီ။ အခုလည်း ထီမထိုးတာကြာပြီ၊ ထီကိုယ်စားလှယ်က အိမ်ထိလာရောင်းတော့ မိန်းမကလည်း ကံစမ်းလိုက်တာကနေပေါက်တာ။ ထီဆိုင်ကဖုန်းဆက်တော့ အရမ်းဝမ်းသာတာပေါ့ဗျာ။ အခုရွာဘုန်းကြီးကျောင်းမှာ သိမ်ဆောက်နေတာမပြီးသေးဘူး၊ အဲဒါတွေပြီးစီးအောင်လှူဒါန်းသွားမယ်။ ရွာအတွက် လိုအပ်တဲ့ သာရေး၊နာရေးတွေ၊ Ambulance ကားတွေလှူသွားမယ်၊ သားသမီးတွေရှေ့ရေးအတွက်ကတော့ တိုင်ပင်ဆွေးနွေးအုံးမယ်” လို့ ကံထူးရှင်ကိုဇော်မင်းထွန်းက Duwun ကိုပြောပါတယ်။ 

သိန်းတစ်သောင်းခွဲ ကံထူးရှင် ဇနီးမောင်နှံမှာ (၄)နှစ်အရွယ်သားတစ်ယောက်နဲ့ ၊ လသားအရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။ ဇနီးက ကျောင်းဆရာမအလုပ်ကိုပဲ ပင်စင် ရတဲ့ထိလုပ်ကိုင်သွားဖို့ရှိပြီး ကိုဇော်မင်းထွန်းက လက်ရှိလုပ်နေတဲ့ ဆိုင်ကယ်ပြင်ဆိုင်လေးကိုပဲ တိုးချဲ့ပြီး လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။ 

Share

Loading Next Article...
က္က