လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း အဆိုပါကစားသမား ၃ဦးစလုံးကို ယူနိုက်တက်က ပစ်မှတ်ထားနေတယ်လို့သိရပြီး ဆန်ချိုကတော့ ဦးစားပေးဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟောင်းအလန်ရှီးယားက မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်ချို၊ ဟယ်ရီကိန်းနဲ့ ဂရီလစ်ရှ်တို့ကို ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ပြောဆိုလိက်ပါတယ်။ ယူနိုက်တက်အနေနဲ့ လက်ရှိမှာ အကောင်းဆုံးပုံစံရရှိနေတဲ့ လူစာရင်းကို အခြေခံပြီး အဆိုပါကစားသမား၃ဦးကို ပေါင်းစည်းကာ လာမယ့်နှစ်ပရီးမီးယားလိဂ်ဖလားကို ပစ်မှတ်ထားသင့်တယ်လို့ ရှီးယားက ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ အဆိုပါကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းတွေလည်း ရှိနေတယ်လို့ ရှီးယားကယုံကြည်နေပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း အဆိုပါကစားသမား ၃ဦးစလုံးကို ယူနိုက်တက်က ပစ်မှတ်ထားနေတယ်လို့သိရပြီး ဆန်ချိုကတော့ ဦးစားပေးဖြစ်တယ်လို့ သိရပါတယ်။
"ဆိုးလ်ရှားနဲ့ အိုးထရက်ဖို့ဒ်က အင်အားတွေက သူတို့ရဲ့လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်ထားပြီးသားပါ၊ သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့်လည်း လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ အခြေအနေကောင်းနေပြီး သူတို့အနေနဲ့ ကစားသမား ၃ဦး၊ ဖြစ်နိုင်ရင် ၄ဦးလောက် ခေါ်ယူဖို့ လိုအပ်ပါတယ်"
"ဆန်ချိုနဲ့ ဆွေးနွေးနေတယ်လို့ ကျွန်တော်နားလည်ထားပြီး ဟယ်ရီကိန်း၊ ဂရီလစ်ရှ်တို့နဲ့လည်း သူတို့စကားပြောနေမယ်ဆိုတာ သေချာပါတယ်၊ သူတို့အနေနဲ့ ဆုဖလားအတွက် ယှဉ်ပြိုင်ဖို့ဆိုရင် အဲဒီကစားသမား ၃ဦးကို သေချာပေါက်လိုအပ်ပါတယ်" လို့ အလန်ရှီးယားက The Sun မှာ ရေးသားပြောဆိုခဲ့ပါတယ်။
ဒီနေ့ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာတော့ ယူနိုက်တက်နဲ့ ဆန်ချိုတို့ဟာ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိသွားပြီလို့ ဖော်ပြပါရှိခဲ့ပါတယ်။ ဟယ်ရီကိန်းကိုတော့ စပါးက ပေါင်သန်း ၂၀၀ အထိ တန်ဖိုးသတ်မှတ်ထားပြီး ဂရီလစ်ရှ်အတွက် ယူနိုက်တက်အနေနဲ့ ပေါင်သန်း ၆ဝခန့်သုံးစွဲရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။