ဒါရိုက်တာ စင်ရော်မောင်မောင်က ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့အတွက် မင်္ဂလာဆုတောင်းပြောပြလာပါတယ်. ကိုဏကြီးနဲ့ ပိုင်ဖြိုးသု တို့ဟာ ဇန်နဝါရီလ ၁ ရက်နေ့က မင်္ဂလာဆောင်ခဲ့ကြတာပါ
Photo: စင်ရော်မောင်
မကြာသေးခင်ကမှ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့အတွက် ဒါရိုက်တာ စင်ရော်မောင်မောင်က မင်္ဂလာ ဆုတောင်း စကားပြောပြလာပါတယ်. ခရီးလွန်နေတာကြောင့်လည်း မင်္ဂလာပွဲကို မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်.
'' ကိုဏကြီးနဲ့ သမီး ပိုင်ဖြိုးသု တို့ဇနီးမောင်နှံ ပျော်ရွှင်ချမ်းမြေ့စွာဖြင့်အနုပညာခရီးတွင် အထေ့အငေါ့မရှိ ရာသက်ပန် ကျော်ဖြတ်နိုင်ပါစေကြောင်း တောင်းဆုပြုပါတယ်။ bk က ည ၈ နာ ရီ မှ ရောက်လို့ ပါ သ မီး. စင်ရော်မောင်မောင်. သားမင်းသန့်မောင်မောင်'' ဆိုပြီးတော့ ဇန်နဝါရီလ ၃ ရက်နေ့ ၈ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်.
စင်ရော်မောင်မောင်က ထိုင်းနိုင်ငံ Sanam Luang Pavilion တွင် ကျင်းပပြုလုပ်မည့် The New Year's Eve Chanting & Meditation for Happiness in 2019 (ဗုဒ္ဓဘာသာဝင်များ၏ နှစ်သစ်အကြိုဆုတောင်းမေတ္တာပို့သခြင်းအခမ်းအနား)အတွက် ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီအခမ်းအနားမှာလည်း နိုင်ငံတော် သံဃနဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး(၁၆)ပါး၊ ဗဟိုဝန်ဆောင်ဆရာတော်များ၊ တိပိဋကဆရာတော်များ၊ မြို့နယ်သံဃနာယကဆရာတော်များအပါအဝင် သံဃာတော်စုစုပေါင်း(၃၁)ပါးတို့က ဆုတောင်း မေတ္တာပို့သပေးခဲ့ကြ တာ ဖြစ်ပါတယ်.
Photo: စင်ရော်မောင်မောင်
ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ချစ်သူသက်တမ်း (၅)နှစ်ပြည့်မှာ လက်ထပ်လိုက်ကြတာပါ။ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ ယုယုယယရှိလှတာကြောင့် သူတို့စုံတွဲလေးဟာ အားလုံး အားကျရတဲ့ စုံတွဲ တစ်တွဲလည်း ဖြစ်ပါတယ်။
ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ မင်္ဂလာဦးအလှူကို ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာပဲ ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့မင်္ဂလာဦးအလှူမှာ သရုပ်ဆောင်ကိုလူချောအဖွဲ့ (၈၂)ဦး၊ စက်မှုအခြေခံသာရေး၊နားရေးအဖွဲ့ဝင်(၁၈၀)ဦးတို့အတွက် တစ်ဦးလျှင် ဆန်(၁)တင်းခွဲ၊ ဆီ (၃) ပိဿာဆီ စုစုပေါင်း လူဦးရေ (၂၆၂)ဦးအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ ဏကြီးနဲ့ ဇွန်လအတွင်းက စေ့စပ်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဆေးကျောင်းတက်ရင်းနဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်းမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်. အနုပညာပျိုးခင်ကစင်တင်ပေးလိုက်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက အခုဆိုရင် 3Girl ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ဒေါက်တာမလေး ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်.