Android 12L နဲ့ လာတဲ့ ပထမဆုံး ဖုန်းပါ

Samsung ရဲ့ စတုတ္ထမျိုးဆက် Galaxy Z Fold စီးရီးဟာ ခေါက်သိမ်းနိုင်ဖုန်းအဓိပ္ပါယ်ကို ပိုပြီး ပီပြင်ပေါ်လွင်စေခဲ့တယ်လို့ ဆိုရမှာပါ။ 

အစောပိုင်း Galaxy Z Fold မျိုးဆက်နှစ်ခုကို Foldable အတန်းအစား စံအဓိပ္ပါယ် သတ်မှတ်ခဲ့တယ်လို့ ပြောမယ်ဆိုရင် တတိယမြောက် Galaxy Z Fold မျိုးဆက်ကို အကြမ်းခံမှု ၊ ဘက်စုံ Task အစုံ သုံးနိုင်စွမ်းနဲ့ S Pen Support ပါဝင်မှုတွေ အသားပေးခဲ့တာပါ။ စတုတ္ထမြောက် Galaxy Z Fold မော်ဒယ်ဟာ ဒီဇိုင်းနဲ့ Display ပိုင်း ပိုပြီး အဆင့်မြင့် ဆန်းသစ်လာသလို ကင်မရာပိုင်းမှာလည်း တိုးတက်မှုတွေ သိသိသာသာ ပြောင်းလဲလာပါတယ်။ 





Galaxy Z Fold 3 ထက် စာရင် အလျား ၃.၁ မီလီမီတာ ပိုတိုသွားပေမယ့် အနံကို ၆၇.၁ မီလီမီတာ ဆိုဒ်အတိုင်း ပြန်ထားလာပါတယ်။ Cover Display ပေါ်က Bezel ဘောင်တွေ ပိုပါးလာလို့ Display ဟာ ၂.၇ မီလီမီတာ ပိုကျယ်လာပါတယ်။ ကိုယ်ထည် Aspect Ratio ကိုလည်း 24.5:9 ကနေ ပိုပြီး အဆင်ပြေတဲ့ 23:9 ပြောင်းလာတယ်လို့ ဆိုပါတယ်။ ဘေးဘောင် Bezel တွေ ပိုပါးလာတာ ၊ ပတ္တာ hinge ကို နည်းနည်း ပိုသေးအောင် ထုတ်လာတာက ဖုန်း Dimension ကို ပိုသပ်ရပ်သားနားလာစေပါတယ်။ 

Display ပိုင်းမှာ ပိုတောက်ပတဲ့ ၇.၆ လက်မ အတွင်းခေါက် Flexible Display သုံးထားပြီး 120Hz Refresh Rate အထောက်အပံ့ပေးထားပါတယ်။ Samsung ဟာ မျိုးဆက်သစ် Galaxy Z Fold ထုတ်ကုန်ရဲ့ အကြမ်းခံမှုကို မြှင့်တင်ဖို့ ဖုန်းပတ္တာနဲ့ ဖရိမ်တွေမှာ Armor Aluminum အလွိုင်း သုံးထားသလို အရှေ့နဲ့အနောက် မှန်တွေကိုလည်း အကြမ်းခံမှုအမြင့်ဆုံး နောက်ဆုံးပေါ် Gorilla Glass Victus+ မှန် အုပ်ထားပါတယ်။ ရေစိုခံမှုပိုင်းမှာ အရင်မော်ဒယ်လိုပါပဲ။ Galaxy Z Fold 4 ဟာ ရေအနက် ၅ ပေ မှာ မိနစ် ၃၀ ကြာ ရေစိမ်နိုင်တဲ့ IPX6 ရေစိုခံနှုန်း ပါဝင်ပါတယ်။ 

Samsung ရဲ့ မျိုးဆက်သစ် Galaxy Z ခေါက်သိမ်းနိုင် မော်ဒယ်နှစ်မျိုးလုံးရဲ့ Display တွေဟာ အကြိမ်ပေါင်း ၂ သိန်းအထိ အခေါက်အသိမ်းလုပ်နိုင်မယ်လို့ ဆိုပါတယ်။ Display အဆင့်မြှင့်တင်မှုအပြင် ကင်မရာပိုင်းမှာလည်း Galaxy S22/S22+ တို့ရဲ့ Triple Camera စနစ်ကို ပြန်သုံးလာတာ တွေ့ရပါတယ်။ ကျောဘက် Panel မှာ အလင်းကို ၂၃% ပိုဖမ်းယူနိုင်တဲ့ အကြီးစား Sensor တစ်ခုပါ 50MP Main Module ၊ 3x optical Zoom နဲ့ 30x Space Zoom အထိ ဆွဲရိုက်နိုင်တဲ့ 10MP Telephoto ကင်မရာသစ်အပြင် 12MP Ultrawide lens တို့ သုံးထားတာပါ။ 



အရင် Galaxy Z Fold 3 မှာ 12MP Triple Camera စနစ် သုံးရာကနေ အခုလို ကင်မရာပိုင်းအဆင့်မြှင့်တင် ပြောင်းလဲလာတာပါ။ ရှေ့ Cover Display ပေါ်မှာ 10MP f/2.2 ကင်မရာ တပ်ထားပြီး မှန်ပြင်အောက်ကင်မရာကိုတော့ 4MP f/1.8 sensor သုံးလာပါတယ်။ Galaxy Z Fold 4 ဟာ Android 12L နဲ့ လာတဲ့ ပထမဆုံးထုတ်ကုန်ဖြစ်ပြီး ပြန်ဒီဇိုင်းထုတ်ထားတဲ့ taskbar ပုံစံသစ်က multitasking စနစ်ကို ပိုကောင်းလာစေပါတယ်။ taskbar က အရင်လို ဘေးဘောင်မှာ ထားတာ မဟုတ်ဘဲ အောက်ခြေမှာ ထားတာကြောင့် Apps အတွက် နေရာပိုရလာသလို Screen ကို အပြည့်ဖွင့်တာ ၊ နှစ်ခုခွဲဖွင့်တာနဲ့ အသေး windowed ယူတာမျိုး gestures တွေကို အမြန် သုံးနိုင်တော့မှာပါ။ 

Galaxy Note Lineup ရဲ့ အကျော်ကြားဆုံး S Pen Stylus Support ကို Galaxy Z Fold 3 ကစပြီး ယူသုံးလာတာပါ။ Galaxy Z Fold 4 မှာလည်း Stylus နဲ့ ပုံဆွဲ ၊ စာရေးတာတွေ Support ပေးလာသလို S Pen ကို built-in သိမ်းဖို့ Standing Case သစ်တစ်ခုလည်း ထည့်သွင်းလာပါတယ်။ Samsung ဟာ ဖုန်းကို တစ်ဝက်တစ်ပျက် ဖွင့်ထားချိန်မှာ Special Function တွေ သုံးနိုင်မယ့် Flex Mode မှာ နောက်ထပ် Apps တွေ ထပ်တိုးဖို့အတွက်လည်း Google ၊ Microsoft တို့နဲ့ မိတ်ဖက်ပြုထားပါတယ်။ Gmail နဲ့ Chrome တွေမှာဆို ဖိုင်တွေ ၊ လင့်ခ်တွေ Share ဖို့အတွက် ဆွဲထည့် (Drag-and-Drop) Function ပံ့ပိုးလာသလို Outlook ကလည်း ဖုန်းရဲ့ ပင်မ Display ကို ကောင်းကောင်းပိုအသုံးချနိုင်ဖို့ တက်ဘလက်ပုံစံ UI ရလာပါတယ်။ 

Galaxy Z Fold သစ်ဟာ ၂၀၂၂ Flagship ထုတ်ကုန်ဖြစ်တဲ့အတိုင်း Snapdragon 8+ Gen 1 Chispet နဲ့ လာပြီး RAM 12GB နဲ့ တွဲဖက်ထားပါတယ်။ Storage ကိုတော့ 256GB ၊ 512GB နဲ့ 1TB ဆိုပြီး သုံးမျိုး ထွက်ပါတယ်။ ဘက်ထရီပါဝါကို 4400 mAh သုံးထားပြီး အားသွင်းစနစ်ကလည်း 25W Wired နဲ့ 15W Wireless Charging နဲ့ပဲ လာပါတယ်။ အားသွင်းရာမှာတော့ 0% ကနေ 50% အားဝင်ဖို့ မိနစ် ၃၀ ပဲ ကြာမယ်လို့ ဆိုပါတယ်။ 



Galaxy Z Fold 4 ကို Phantom Blac ၊ Beige ကာလာသစ် နဲ့ GrayGreen ဆိုပြီး အရောင် ၃ မျိုး နဲ့ ထွက်ပါတယ်။ 12/256GB ဗားရှင်းကို ဒေါ်လာ ၁၈၀၀ (မြန်မာငွေ ၄၅ သိန်းဝန်းကျင်) ဈေးကနေ စတင်သွားမှာပါ။ 512GB နဲ့ 1TB ဗားရှင်းတွေကို၁၉၂၀ ယူရို (မြန်မာငွေ ၄၈ သိန်းဝန်းကျင်) နဲ့ ယူရို ၂၁၆၀ (မြန်မာငွေ ၅၅ သိန်းဝန်းကျင်) ဈေးတွေနဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ရောင်းချသွားမှာ ဖြစ်ပြီး Pre Order စောစောတင်သူတွေအတွက် memory upgrade 16GB အထိ Free ပေးသွားမယ့်အပြင် ဒေါ်လာ ၁၀၀ တန် Samsung Store ခရစ်ဒစ် ၊ Standing Cover case တစ်ခုနဲ့ အဟောင်းပေးအသစ်ယူ trade-in မှာ ဒေါ်လာ ၁၀၀၀ ဖိုးအထိ ရမယ့် Discount လည်း ပါမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က