ကင်မရွန်းနာမည်ကျော်တိုက်စစ်မှူးဟောင်းဆင်မြူရယ်အီတူးဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။ လေးနှစ်သက်တမ်းရှိတဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရာထူးအတွက် အီတူးဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌဖြစ်သူ Seidou Mbombo Njoya နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
မူလက ဝင်ရောက်ယှဉ်ပြိုင်သူ ၇ ဦးအထိရှိခဲ့ပေမယ့် မဲပေးမယ့်မနက်ပိုင်းမှာ ၅ ဦးအထိနုတ်ထွက်သွားခဲ့လို့ ၂ဦးတည်းသာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ အသက် ၄၀ အရွယ် အီတူးက ရွေးကောက်ခံရအပြီးမှာ အားကစားလောကကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားမယ်လို့ ကတိပြုခဲ့ကာ ဘောလုံးသမားတွေ ပျိုးထောင်မွေးမြူပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း BBC ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကင်မရွန်းအတွက် အာဖရိကဖလား ၂ကြိမ်၊ အိုလံပစ်ရွှေတံဆိပ် ၁ ကြိမ်ရယူပေးနိုင်ခဲ့သလို အာဖရိကအကောင်းဆုံးကစားသမားဆုကို ဆက်တိုက်ဆွတ်ခူးနိုင်တဲ့အထိ အီတူးက ကစားသမားဘ၀မှာ အောင်မြင်ခဲ့ပါတယ်။ အခုအခါမှာ နိုင်ငံရဲ့ အရေးပါတဲ့ ရာထူးတခုကို ရယူပြီး အောင်မြင်မှုတွေထပ်မံရရှိအောင် စွမ်းဆောင်ပေးရတော့မှာလည်းဖြစ်ပါတယ်။