အိန္ဒိယဈေးကွက်ထဲ မိတ်ဆက်လိုက်တာပါ

entry-level ဖုန်းတစ်လုံးဆိုပေမယ့် စိတ်လှုပ်ရှားစရာ features တွေ ပါလာတဲ့ ဖုန်းတစ်လုံးက Realme C2 ဖြစ်ပါတယ်။

     Realme C2 ဟာ အရင် Realme 2 လိုပဲ ကျောဘက်မှာ laser cutting စိန်ကွက်ဒီဇိုင်းနဲ့လာပါတယ်။ မျက်နှာပြင် ၆.၁ လက်မ 720p display ဟာ dewdrop cutout ကို သုံးထားတာ ဖြစ်ပြီး Diamond Blue နဲ့Diamond Black ကာလာ ၂ ရောင်နဲ့ထွက်ထားတာပါ။ စိတ်ဝင်စားစရာတစ်ခုက တန်ဖိုးနည်း စမတ်ဖုန်းဈေးကွက်ထဲ ရောက်လာတဲ့ ဖုန်းတစ်လုံးအနေနဲ့midrange features တစ်ချို့ပါလာတာပါပဲ။

Photo: NoypiGeeks



         octa-core Helio P22 processor ဟာ 12nm 2.0GHz clock speed ဖြစ်လို့ဘက်ဂျက်ဖုန်းတစ်လုံးအတွက် လုံလောက်တာထက် ပိုတဲ့ performance ကို ပေးနိုင်မှာပါ။ Realme C1 နဲ့ကွာတဲ့ အချက်ထဲမှာလည်း dewdrop notch နဲ့processor ပိုမြင့်လာတာက အဓိက ဖြစ်ပါတယ်။ ဒီဖုန်းဟာ nano SIM နှစ်ကဒ်သုံးနိုင်ပြီး microSD တစ်ကတ်စိုက်နိုင်တဲ့ Triple Slot နဲ့လာပြီး RAM/storage နှစ်မျိုးနဲ့ထွက်လာပါတယ်။

         Realme C2 ဟာ Realme ရဲ့ စံတစ်ခုဖြစ်တဲ့ ဘက်ထရီပါဝါကောင်းတဲ့ ဖုန်းအဖြစ် ထုတ်ထားတာပါ။ 4000 mAh ဘက်ထရီဟာ Realme C2 အတွက် နှစ်ရက်လောက် အသာလေး အသုံးခံမယ့် ဘက်ထရီပါဝါ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့တော့ Realme C2 ဟာ သူ့အရင် Realme C1 အတိုင်း ကျောဘက် 13MP+2MP နဲ့ရှေ့ဘက် 5MP ကင်မရာတွေ သုံးထားပါတယ်။ Slow-mo ဗွီဒီယို ရိုက်ကူးရာမှာတော့ 480fps နှုန်းအထိ ပံ့ပိုးပေးနိုင်မှာပါ။

         ၂၀၁၉ မှာ ထွက်လာတဲ့ ဖုန်းဖြစ်လို့Android 9 Pie ပေါ် အခြေခံထားတဲ့ Color OS 6.0 ကို သုံးထားတဲ့ Realme C2 ကို လာမယ့် မေလ၁၅ ရက်နေ့ကစပြီး အိန္ဒိယဈေးကွက်မှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့Realme C2 RAM 2GB/16GB storage ကို ၅၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်) နဲ့RAM 3GB/32GB storage ကို ၇၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၇ သောင်းခွဲနီးပါး) ဈေးများ သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က