ဂျာမဏီနိုင်ငံဘာလင်မှာ တရားဝင်ကြေညာသွားမှာပါ

Huawei ရဲ့ 5G လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Processor သစ်ကို မကြာခင် ကြေညာသွားတော့မှာပါ။

ဂျာမဏီနိုင်ငံ ဘာလင်မှာ ကျင်းပတဲ့ IFA 2019 ပွဲမှာ Huawie ဟာ Kirin chipset သစ်ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ IFA ပွဲမှာ Kirin chipset ကြေညာတာဟာ Huawei အတွက် ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ Huawei ဟာ ၂၀၁၇ ခုနှစ်ထဲမှာ Kirin 970 processor နဲ့ပြီးခဲ့တဲ့ ၂၀၁၈ မှာ Kirin 980 chipset သစ်တို့ကို IFA ပွဲမှာပဲ ကြေညာသွားခဲ့ပါတယ။်



ဒီနှစ်စက်တင်ဘာ ၆ ရက်နေ့ မိတ်ဆက်သွားမယ့် Kirin 990 processor သစ်ဟာ TSMC ရဲ့ 7nm EUV process နဲ့ထုတ်လုပ်သွားမှာ ဖြစ်ပြီး သုံးထားတဲ့ transistor သိပ်သည်းမှူမှာ ၂၀% ကျစ်လျစ်လာပြီး ပါဝါသုံးစွဲမှူ ထိရောက်ခြင်းမှာ ပိုတိုးလာမယ်လို့ဆိုပါတယ်။ GSMArena သတင်းရဲ့ ခန့်မှန်းမှူအရ ဒီ processor ဟာ Kirin series တွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် 4K video တွေကို 60fps နှူန်းနဲ့ရိုက်ကူးနိုင်မယ်လို့ဖော်ပြထားပါတယ်။

Kirin 990 processor ဟာ Huawei ရဲ့ Da Vinci Architecture နဲ့ARM ရဲ့ နောက်ဆုံးပေါ် CPU နဲ့GPU အစိတ်အပိုင်းတွေကို အခြေခံထားတဲ့ အဆင့်မြင့် NPU (neural processing unit) တစ်ခု ပါလာဖို့လည်း ရှိပါတယ်။ Huawei ကနေ နမူနာတင်ထားတဲ့ Huawei Kirin 990 Warm-up ဗွီဒီယိုမှာ 5G နည်းပညာကို အထူးအသားပေး ဖော်ပြသွားတာကြောင့် Kirin 990 processor ဟာ 5G ရတဲ့ chipset ဆိုတာ သံသယရှိစရာမလိုတော့ပါဘူး။

Photo; Notebook Check

တစ်ခုရှိတာက Kirin 990 SoC မှာ 5G modem နဲ့တစ်ခါတည်း ဒီဇိုင်းမှာကိုက တွဲပါလာမလား။ 5G modem ကို သီးသန့်အဖြစ် chipset ကနေ ခွဲထည့်ထားမလားဆိုတာ မသိရသေးပါဘူး။ လာမယ့်နှစ်ဟာ 5G ဖုန်းတွေခေတ်ဖြစ်ဖို့ရှိပြီး Huawei Mate 30 series တွေမှာရော Kirin 990 processor တွေ မြင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က