မူးယစ်ဆေးဝါးသိမ်းဆည်းတဲ့ စတိုခန်းသော့ကိုင် ရဲတပ်ကြပ်က ICE ဆေးဝါးတွေကို ကျောက်ချဉ်နဲ့လဲခဲ့တာပါ။

ကျိုင်းတုံရဲစခန်းမှာ သိမ်းဆည်းထားတဲ့ ICE မူးယစ်ဆေးဝါးနဲ့ ကျောက်ချဉ်တွေကို အစားထိုးလဲခဲ့တဲ့ ရဲတပ်ကြပ်ကြီး မြင့်နိုင်ကို ဘုန်းကြီးဝတ်နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့ကနေသိရပါတယ်။

Photo- Shannews.org

ဇွန်လ ၂ ရက်နေ့က ပင်လောင်းမြို့နယ် နောင်လင်းဘုန်းကြီးကျောင်းမှာ ရဟန်းဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ကျိုင်းတုံရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကို အတည်ပြုပြောကြားပါတယ်။

“ ဖမ်းလာပြီးတော့ စခန်းကို ခေါ်လာပါပြီ။ နေ့ခင်း ၁ နာရီလောက်ကနေ လေယာဉ်နဲ့ ကျိုင်းတုံရဲစခန်းကို ပြန်ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်။” လို့ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှာ တာဝန်ကျရဲက ဆိုပါတယ်။

ကျပ်သိန်း ၁၂၀၀၀ တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါးတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးဖို့အတွက် နေပြည်တော်ကို ပို့ဆောင်ဖို့ စစ်ဆေးရာကနေ အစားထိုးတယ်လို့ သံသယဖြစ်စရာ တွေ့ရှိခဲ့ရတာပါ။

သိမ်းဆည်းထားတဲ့ ICE မူးယစ်ဆေးဝါး (၁) ကီလိုထုတ် (၁၀၃) ထုတ်ထဲက အထုတ် (၆၄) ထုတ်ကို အစားထိုးထားတယ်လို့ သံသယရှိတာကြောင့် ဓာတုဗေဒစစ်ဆေးရာမှာ ကျောက်ချဉ်လိုအရာတွေနဲ့ အစားထိုးထားတာကို တွေ့ခဲ့ရတာပါ။

ဆေးဝါးတွေကိုသိမ်းဆည်းထားတဲ့ စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီးမြင့်နိုင်ကနေ မေလ ၁၅ ရက်ကတည်းက ခွင့့်မဲ့ ပျက်ကွက်နေတာကြောင့် ကျိုင်းတုံရဲစခန်းကနေ အမှုဖွင့်ရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က