ကွယ်လွန်တာ (၆)လပြည့်သွားခဲ့ပါပြီ။

သရုပ်ဆောင် စူးရှကတော့ အဖေဖြစ်သူရဲ့ အုတ်ဂူလေးဆီသွားပြီး သွားကန်တော့ခဲ့ပါတယ်။

Photo : စူးရှ

ဒီနေ့(ဇန်နဝါရီ၂၁ရက်)က စူးရှရဲ့ ဖခင် သရုပ်ဆောင် အောင်ဇော် ကွယ်လွန်ခဲ့တာ (၆)လတိတိပြည့်တဲ့ နေ့လေး ဖြစ်ပါတယ်။ ဒီနေ့မှာ စူးရှဟာ ဖခင်ရဲ့ အုတ်ဂူလေးဆီသွားပြီး သန့်ရှင်းရေး လုပ်ပေးခဲ့သလို သွားကန်တော့ခဲ့ပြီး ဖခင်ကို ဘယ်လောက်လွမ်းဆွတ်နေကြောင်း ပြောထားပါသေးတယ်။

“၆လပြည့်အလွမ်း သတိရတယ်လွမ်းတယ်ဆိုတာထက်ပိုပါတယ်ဖေဖေရယ်” ဆိုပြီး ဇန်နဝါရီ(၂၁) ရက်နေ့က စူးရှက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။နေ့တိုင်းလိုလိုလည်း ဖခင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ခံစားချက်တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရင်ဖွင့်ထားသူလည်း ဖြစ်ပါတယ်။

Photo : စူးရှ

ဖခင်ဟာ သူ့ကို မင်းသားတစ်ယောက် ဖြစ်စေချင်ခဲ့ပေမယ့် သူ့အနေနဲ့ ဖြစ်အောင် မကြိုးစားနိုင်ခဲ့သလို ဖခင်မျှော်လင့်ထားသလောက် မဖြစ်ခဲ့တဲ့အတွက်လည်း အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

“သူက သူ့သားကို အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်စေချင်ခဲ့တယ်။ အဲဒီအိမ်မက်တွေကတော့ ကျွန်တော်ငယ်စဉ်က အနုပညာစလှုပ်ရှားတဲ့ အချိန်တုန်းကတော့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဖေမျှော်လင့်ထားသလောက် အဖေဖြစ်စေချင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် မဖြစ်ခဲ့ဘူး။ ကျွန်တော်အဲ့ဒါကို စိတ်မကောင်းဘူး။ ကျွန်တော့်ကို အဖေက အရမ်းဖြစ်စေချင်တာ။ကျွန်တော်တာဝန်မကျေ လိုက်ဘူး။ အဖေက ကျွန်တော့်အပေါ်မှာ အရမ်းကောင်းတယ်။ ကျွန်တော်ဆိုးလည်း ကျွန်တော့်ဘက်မှာ အမြဲတမ်း ရှိတယ်။ ကျွန်တော်ဘယ်လောက် ဆိုးဆိုး သူပြန်ပြီးလမ်းပြပေးတယ်။ အခုလည်း ကျွန်တော်ငိုတာ သူကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် အဖေရယ်……..” ဆိုပြီး ဖခင်ဆုံးပါးသွားခဲ့ချိန်က Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Photo : စူးရှ

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်ဟာ ဇူလိုင်(၂၁) ရက်နေ့ ည(၈)နာရီဝန်းကျင်က ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့တာပါ။ သူ့ရဲ့ သတင်းကိုကြားပြီး အနုပညာလောကသားများ၊ ပရိသတ်များအားလုံးက စိတ်မကောင်း ဖြစ်လို့နေပါတယ်။ အောင်ဇော်ကို ဇူလိုင်(၂၃) ရက်နေ့ နေ့လည်(၁း၀၀)နာရီ မှာ မန္တလေး ကြာနီကန် သုဿန်မှာ ဂူသွင်းသဂြိုလ်သွားမှာ ဖြစ်ပါတယ်။

Share

က္က