နောက်ထပ် တစ်လထပ်မံတိုးမြှင့်ခဲ့တာပါ။

ကိုဗစ် နဲ့ပတ်သက်ပြီး ဖြေလျော့ပေးထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကလွဲလို့ ကျန်တဲ့ စည်းကမ်းသတ်မှတ်တွေကို စက်တင်ဘာလ (၃၀)ရက်နေ့ထိ ထပ်မံတိုးမြှင့်ကြောင်း ကိုဗစ်ကာကွယ် ၊ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ဒီကနေ့ညမှာ ထုတ်ပြန်ခဲ့ပါတယ်။

ကနဦး ကိုဗစ်စည်းကမ်းချက်တွေကို ဩဂုတ်လကုန်ထိသာ သတ်မှတ်ထားခဲ့တာဖြစ်ပြီး ယခုနောက်ထပ်တစ်လ ထပ်မံတိုးမြှင့်ခဲ့တာပါ။ ဩဂုတ်လ (၁၆)ရက်နေ့ကစပြီး နိုင်ငံတွင်း ပြည်တွင်းကူးစက်မှုတွေပြန်လည်တွေ့ရှိလာရာမှာ ရခိုင်ပြည်နယ်အတွင်းက ပိုးတွေ့လူနာအများဆုံးဖြစ်ခဲ့ပါတယ်။



လက်ရှိမှာရခိုင်ပြည်နယ် တစ်ခုလုံးကိုလည်း Stay at Homeကြေညာထားပြီး တခြားတိုင်းနဲ့ပြည်နယ်တွေကိုလည်း ကိုဗစ်စည်းကမ်းချက်တွေနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေကို ထပ်မံတိုးမြှင့်လိုက်တာဖြစ်ပါတယ်။

နိုင်ငံတွင်းပြည်တွင်းကူးစက်လူနာတွေပြန်လည်တွေ့ရှိလာခဲ့ပြီးနောက် အခြေခံပညာကျောင်းတွေကိုလည်းရက်အကန့်အသတ်မရှိ ယာယီပြန်ပိတ်ခဲ့သလို လူစုလူဝေးရှိလှတဲ့ ဘယ်လိုပွဲလမ်းသဘင်တွေကို ကျင်းပခွင့်မပြုထားပါဘူး။ စက်တင်ဘာလ (၃၀)ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်တဲ့ထဲမှာ ပါဝင်တဲ့ စည်းကမ်းချက်တွေအနေနဲ့ကတော့ ဘုရားတွေ၊ ရုပ်ရှင်ရုံတွေပြန်လည်ဖွင့်လှစ်ခွင့်မရသေးသလို ဘား ၊ကေတီဗီ၊ နိုက်ကလပ်တွေလည်းပြန်လည်ဖွင့်လှစ်ခွင့်မရသေးပါဘူး။

ဒါ့အပြင်ပြည်ပလေကြောင်းလိုင်းပြေးဆွဲခွင့်တွေကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ (၆၄၃)ဦးရှိကာ ပြန်လည်ကောင်းမွန်သူ (၃၄၉)ဦးနဲ့ သေဆုံးသူ (၆)ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က