နိုင်ငံတကာသုတေသနပြုချက်တွေအရ အခုလို သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ အနေနဲ့ ဆေးရုံမှာ ၁၄ ရက်နေပြီး ရောဂါသက်သာတာနဲ့ ဆေးရုံကနေ ဆင်းခွင့်ရမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဆေးပညာဆိုင်ရာ သုတေသနတွေ့ရှိချက်တွေအရ COVID-19 ရောဂါပိုးဟာ ဖြစ်ပွားပြီး (၁၀) ရက်ကနေ (၁၄) ရက်နောက်ပိုင်း လူနာကိုယ်တွင်းရှိနေပမယ့် တခြားသူတွေကို ကူးစက်နိုင်မှုမရှိတော့တာကြောင့် လူနာတွေဟာ အရင်ကလို ဆေးစစ်ချက် Negative ၂ ကြိမ်ထွက်တဲ့အထိစောင့်စရာမလိုပဲ COVID-19 လူနာတွေ ဆေးရုံဆင်းခွင့်ပြုတော့မှာဖြစ်တယ်လို့ သိရပါတယ်။



" အရင်ကပိုးမတွေ့တာ ၂ကြိမ်ဆက်တိုက်ဖြစ်မှ ဆေးရုံဆင်းခွင့်ရှိတယ်။ ခုနောက်ပိုင်းဆေးရုံဆင်းခွင့်သတ်မှတ်ချက်အသစ်အရဆိုရင် နှစ်ကြိမ်ဆက်တိုက် ဖြစ်စရာမလိုပဲ သူရဲ့ရောဂါလက္ခဏာတွေသက်သာပြီး နောက်ထပ် ၄ ရက်ဆေးရုံမှာ ထပ်နေပြီးရင် ဆေးရုံကနေဆင်းရမှာဖြစ်ပါတယ်။ လူတိုင်း ၁၄ ရက်တော့မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ရောဂါဟာ သုတေသနပေါင်းချုပ်မှာဆိုရင်လည်းရောဂါကူးစက်ခံရပြီး ၉ ရက်နောက်ပိုင်းဆိုရင်လည်း သူများကို ရောဂါမကူးစက်နိုင်တော့ဘူး ဆိုတဲ့တွေ့ရှိချက်တွေရှိတယ်။ဒီတွေ့ရှိချက်တွေအပေါ် ခုလို ဖြေလျှော့လိုက်တာဖြစ်တယ်"လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ 

ခုလိုဖြေလျှော့လိုက်တာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းက လုပ်ဆောင်တာမဟုတ်ဘဲ ပြည်ပနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ ထိုင်းနဲ့ တခြားနိုင်ငံတွေမှာလည်း ဆေးရုံဆင်းခွင့်ဆိုင်ရာ သတ်မှတ်ချက်တွေကို WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ရဲ့ စံချိန်စံညွှန်းအတိုင်း ပြင်ဆင်ပြောင်းလဲလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖြေလျှော့မှုကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲက စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒီကနေ့မှာတော့ ကိုဗစ်-၁၉ ဗဟိုထိန်းချုပ်ရေးအမျိုးသားကော်မတီကနေလည်း တရားဝင် သဘောတူညီ လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ 

သာမန်လက္ခဏာရှိသူတွေအနေနဲ့ကတော့ ‌ေဆးရုံမှာ အတွင်းလူနာအဖြစ် အနည်းဆုံး ၁၄ ရက်အထိနေရမှာဖြစ်ပြီး ပြင်းထန် ရောဂါလက္ခဏာရှိသူတွေကတော့ အနည်းဆုံး ၂၁ ရက်အထိ ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုယူပြီးရင်တော့ ဆေးရုံကနေဆင်းခွင့်ရမှာဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာ ၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။ ဆေးရုံကဆင်းတဲ့ လူနာတွေအနေနဲ့ ဆေးရုံကဆင်းပြီးနောက် မိမိနေအိမ်မှာ (၇) ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်ရမယ်လို့လည်း ကြေညာထားပါတယ်။

(အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က