နေပြည်တော်နဲ့ ရန်ကုန်မှာ လေလံတင်ရောင်းချသွားမှာပါ။

ကိုဗစ်ရန်ပုံငွေအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ပါတဲ့ mask နှစ်ခုကို ရန်ကုန်နဲ့ နေပြည်တော်မှာ လေလံတင်ရောင်းချခွင့်ပြုဖို့ ဦးမောင်မောင်အေးက ဒီကနေ့ အွန်လိုင်းဆွေးနွေးပွဲမှာ အတိုင်ပင်ခံကို တင်ပြတောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်ကိုတော့ နိုင်ငံတော်အတိုင်ပင်ခံက အွန်လိုင်းဆွေးနွေးပွဲမှာ လက်ခံခဲ့ပြီး သူကိုယ်တိုင်ပြုလုပ်ထားတဲ့ mask နှစ်ခုကို ပေးမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ကိုမောင်မောင်အေးက ပြီးခဲတဲ့ ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံရဲ့ လက်ရေးမူကဗျာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ဗဟ်ုအောင်နိုင်ရေးအတွက် လေလံတင်ရောင်းချခဲ့ပြီး ကျပ်သိန်ပေါင်း (၂၄၀၀)နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ ယခုအခါမှာလည်း ကိုဗစ်ရန်ပုံငွေအတွက် အတိုင်ပင်ခံဆီကနေ အခုလို ခွင့်တောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။



“ သေတော့မသေချာသေးပါဘူး၊ live မှာတော့ အန်တီကပေးမယ်လို့တော့ပြောပါတယ်။ အပြင်မှာောတ့ အသေးစိတ်မဆွေးနွေးရသေးပါဘူး။ နှစ်ခုရှိတယ်ပေးမယ်ပြောတယ်ပေါ့နော်။ တကယ်လို့ ခွင့်ပြုချက်ရမှပဲ လေလံတင်ရောင်းချမယ့် ကိစ္စတွေကိုအသေးစိတ်စီစဉ်သွားပါမယ်။ လေလံအောင်ခဲ့ရင်တော့ အားလုံးကို ကိုဗစ်ရန်ပုံငွေအတွက်ပဲ သုံးသွားမှာပါ” လို့ ကိုမောင်မောင်အေးက Duwun ကိုပြောပါတယ်။ 

ဒီကနေ့ အွန်းလိုင်းဆွေးနွေးပွဲမှာတော့ ကိုမောင်မောင်အေးက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး We Love Yangon အဖွဲ့ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ဆွေးနွေးခဲ့တာဖြစ်ပြီး ကိုဗစ်ရန်ပုံငွေအတွက်ကိုလည်း အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

ကိုမောင်မောင်အေးရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂုလ်က အွန်းလိုင်းဆွေးနွေးပွဲမှာ “ကောင်းပါပြီ။ လုပ်ထားတဲ့ mask ကလည်း နှစ်ခုပဲရှိတာ၊ အဲဒီနှစ်ခုပဲပေးလိုက်ရမလိုဖြစ်နေပြီ။ ရပါတယ်။ နှစ်ခုလုပ်ထားတာရှိပါတယ်၊ နှစ်ခုလုံးပေးလိုက်လို့ရပါတယ်” လို့ အတိုင်ပင်ခံက ပြန်လည်ပြောကြားခဲ့ပါတယ်။ 

ကိုဗစ်နဲ့ ပတ်သက်ပြီး လက်ရှိနိုင်ငံအတွင်းမှာ ပြည်တွင်းကူးစက်လူနတွေများလာတကြောင့် လူနာတွေနဲ့ ထိတွေ့ထားတဲ့ သူဦးရေတွေကို ကွာရန်တင်းထားဖို့ကနေရာအကခအခဲတွေရှိနေပါတယ်။ လက်ရှိရန်ကုန်မှာ ကွာရန်တင်းဝင်ရောက်နေသူ (၆၀၀၀)ကျော်ရှိပြီး ကွာရန်တင်းနေရာတွေအခက်အခဲရှိသလို ကူညီထောက်ပံ့မှုအပိုင်းတွေမှာလည်း လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုဗစ်နဲ့ပတ်သက်ပြီးတတ်နိုင်တဲ့ဘက်က ရန်ပုံငွေတွေရရှိအောင် အခုလို တင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က