ရန်ကုန်မှာပိုးတွေ့ရှိမှုရုတ်တရက်ရာနဲ့ချီမြင့်တက်ခဲ့ရင်တော့ lock downလုပ်သင့်တယ်လို့ ဆိုပါတယ်။

လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှု ပထမလှိုင်းက ကုသကာကွယ်နိုင်တဲ့ အနေအထားမှာ ရှိပြီး အစုလိုက် အပြုံလိုက် ရုတ်တရက် မြင့်မားလာနိုင်တဲ့ ကိုဗစ်ဒုတိယလှိုင်းဖြစ်လာခဲ့မှာကိုတော့ စိုးရိမ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဆေးပညာဌာန ဒေါက်တာမော်မော်ဦးက ပြောလိုက်ပါတယ်။

“ First Wave ရဲ့အခြေအနေက ကျွန်တော်တို့ နိုင်တဲ့ capacity မှာရှိတယ်။ အလုပ်များတာမှန်ပေမယ့် ဒီလောက်က ကျွန်တော်တို့အတွက် သိပ်စိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် Second Wave လိုဖြစ်လာမှာကိုတော့ စိုးရိမ်တယ်။ ပိုးတွေ့ရှိမှု ရုတ်တရက်တက်နိုင်တဲ့အခြေအနေက လူအစုအဝေးပဲ။ အဲဒီကနေ ဆက်တိုက်တက်လာခဲ့ရင်အန္တရာယ်ရှိတယ်။ “ လို့ ဒေါက်တာ မော်မော်ဦးက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကူးစက်မှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်မြို့မှာဆိုရင်လည်း ကူးစက်မှုနှုန်း ရာနဲ့ချီ ရုတ်တရက်မြင့်တက်လာရင်တော့ ရန်ကုန်တိုင်းတစ်ခုလုံးကို လုံး၀ Lock Down လုပ်သင့်ပြီလို့ ဒေါက်တာမော်မော်ဦးကဆက် ပြောပါတယ်။

“ ဥပမာ မန္တလေးနဲ့ နေပြည်တော်ဆို လူနာတွေ တွေ့တာနဲ့ ပြင်းပြင်းထန်ထန် လော့ဒေါင်းလုပ်တာက ကောင်းတယ်။ အဝင်အထွက်တွေ ပိတ်တယ်။ ရန်ကုန်ကတော့ လူဦးရေလဲများ၊ စီးပွားရေးလုပ်ငန်းတွေလည်း များတော့ လုပ်ရတာခက်တယ်။ ရန်ကုန်ကို လော့ဒေါင်းချမယ်ဆိုရင်တော့ ကိုဗစ်အတွက်ကောင်းတာပေါ့။ ဒါပေမယ့် case က တစ်နေ့ကို ၁၀၀၊ ၂၀၀ ထောင်တက်သွားရင်တော့ လုပ်ကိုလုပ်ရမယ်” လို့ ဆိုပါတယ်။

လက်ရှိ မေလ ၈ ရက်နေ့အထိ ရန်ကုန်မှာ ရောဂါဖြစ်ပွားသူ ၁၄၂ ဦးရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အများဆုံးဖြစ်နေတယ်လို့သိရပါတယ်။

ပိုးတွေ့လူနာ ၁၇၆ ဦးမှာ ရောဂါကင်းစင်သူ ၆၂ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။


Share

Loading Next Article...
က္က