ပွဲအပြီးမှာ ဂွမ်ဒူဇီရဲ့ ၂-၁ ဆိုတဲ့ အမူအယာပြသနေတဲ့ ဓာတ်ပုံကို ဝက်ဖို့ဒ်အသင်းက အသုံးပြုခဲ့ပြီး အင်္ဂလိပ်အက္ခရာ V ပုံစံ အီမိုဂျီကို Caption အဖြစ်ထားရှိခဲ့ကာ ပို့စ်တင်ခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်ကစားသမားဂွမ်ဒူဇီဟာ ဝက်ဖို့ဒ်နဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ဝက်ဖို့ဒ်အသင်းရဲ့ တရားဝင်တွစ်တာအကောင့်ကနေ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ ပွဲကစားချိန် ၆၇ မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ ဂွမ်ဒူဇီက ပွဲရလဒ်ဖြစ်တဲ့ ၂-၁ ဆိုတာကို လက်ဟန်အမူအယာနဲ့ ဝက်ဖို့ဒ်ပရိသတ်တွေကို ပြသခဲ့ပြီးနောက်မှာ ပြန်လည်လှောင်ပြောင်ခံခဲ့ရတယ်လို့ Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အော်ဘာမီယန်ရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် အာဆင်နယ်က အဝေးကွင်းမှာ ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ခံစစ်ပိုင်းအမှားတွေကြောင့် ချေပဂိုးနှစ်ဂိုးပြန်ပေးခဲ့ရပြီး အာဆင်နယ်အသင်းဟာ နိုင်ပွဲဆက်လက်ပျောက်ဆုံးနေခဲ့ရပြီး ရမှတ် ၈မှတ်နဲ့အတူ အဆင့် (၇) နေရာမှာ ရပ်တည်ခဲ့ရပါတယ်။
ပွဲအပြီးမှာ ဂွမ်ဒူဇီရဲ့ ၂-၁ ဆိုတဲ့ အမူအယာပြသနေတဲ့ ဓာတ်ပုံကို ဝက်ဖို့ဒ်အသင်းက အသုံးပြုခဲ့ပြီး အင်္ဂလိပ်အက္ခရာ V ပုံစံ အီမိုဂျီကို Caption အဖြစ်ထားရှိခဲ့ကာ ပို့စ်တင်ခဲ့ပါတယ်။ ဂွမ်ဒူဇီရဲ့ ပွဲမပြီးခင်မှာပဲ ဝံ့ကြွားခဲ့တဲ့အပေါ်ကို ပရိသတ်အများအပြားကလည်း လှောင်ပြောင်ပြောဆိုခဲ့ကြပြီး အာဆင်နယ်ကွင်းလယ်လူဟာ သူ့ရဲ့လုပ်ရပ်အတွက် ပြန်လည်တုံ့ပြန်ခံခဲ့ရပါတယ်။
ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ တစ်ပွဲလုံးမှာ အမှားအယွင်းကျူးလွန်မှုတွေ များပြားခဲ့ပါတယ်။ OptaJoe ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စတင်ပြီး ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက်မှာ စုစုပါင်း ၁၄ ကြိမ်အထိ ဂိုးပေးရမယ့် အမှားတွေကို ကျူးလွန်မိခဲ့တယ်လို့ သိရပြီး ဒါဟာ ဘယ်အသင်းထက်မဆို ၂ကြိမ်ပိုမိုများပြားနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။