အကန့်အသတ်နဲ့ လုပ်ငန်းလည်ပတ်မှု စတင်ဖို့ မျှော်လင့်ထားပါတယ်

Nokia ဟာ ပြီးခဲ့တဲ့ အပတ်ကစပြီး ဝန်ထမ်းတစ်ချို့မှာ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ တယ်လီကွန်းပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်တဲ့ စက်ရုံတစ်ခုကို လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။ 

COVID-19 ရောဂါ ပိုးတွေ့ခဲ့တဲ့ တမီလ်နာဒူးပြည်နယ်မှာ ရှိတဲ့ Sriperumbudur မှ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားဦးရေကို Nokia မှ ထုတ်ဖော်ပြောကြားခြင်း မရှိဘူးလို့လည်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီအနေနဲ့ လူအချင်းချင်း ခြားပြီး နေထိုင်ခြင်း နဲ့ စားသောက်ဆိုင်ဝန်ဆောင်မှုပုံစံအပြောင်းအလဲများ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။





Photo: lehren

" ဝန်ထမ်းအနည်းငယ် သုံးပြီး ကန့်သတ်ထားတဲ့ အဆင့်နဲ့ မကြာခင် လုပ်ငန်းလည်ပတ်မှု စတင်ဖို့ မျှော်လင့်ထားပါတယ်။" လို့ ကုမ္ပဏီက ဆိုပါတယ်။

စက်ရုံဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတည်းက ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ လုပ်ငန်းများ လည်ပတ်ထားတာ ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အိန္ဒိယမှာ COVID-19 စတင် ဖြစ်ပွားလာပြီးနောက် အစိုးရဟာ နိုင်ငံအနှံ့ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး lock down လုပ်ထားတဲ့ အိန္ဒိယနိုင်ငံမှာ လည်ပတ်နေတဲ့ စမတ်ဖုန်းစက်ရုံတစ်ချို့လည်း လုပ်ငန်း လည်ပတ်မှုရပ်ဆိုင်းခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ဝန်ထမ်း ၉ ဦးမှာ တွေ့ရှိထားတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO ဟာ အိန္ဒိယမှ စမတ်ဖုန်းစက်ရုံကို မကြာသေးခင်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံး နိုင်ငံတစ်ခု ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ယခုတစ်ပတ်အင်္ဂါနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၅၃၈၀ ဦးနဲ့ သေဆုံးသူ ၄၁၆၇ ဦး ရှိတယ်လို့လည်း Live Mint သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က