တိကျတဲ့စည်းမျဉ်းစည်းကမ်းတွေလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရမှတ် ၂၂မှတ်အထိ ဖြတ်တောက်ထားနို်င်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့ရဲ့ချန်ပီယံဘွဲ့ခံယူရေးရည်မှန်ချက်ဟာ အခက်တွေ့ဖွယ်ရှိနေတယ်လို့ The Telegraph ကဖော်ပြသွားခဲ့ပါတယ်။ အဆိုပါသတင်းဌာနရဲ့ဖော်ပြမှုမှာတော့ ပွဲပေါင်း ၃၈ ပွဲအထိ မကစားရသေးပါက ချန်ပီယံဆုနဲ့ တန်းဆင်းဇုန်အသင်းတွေကို ဘယ်လိုမျိုးလုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်စည်းမျဉ်းတွေ မရှိသေးဘူးလို့ ပါဝင်နေတာဖြစ်ပါတယ်။ 

ကိုရိုနာဗိုုင်းရပ်စ်ကတော ့လက်ရှိမှာနိုင်ငံပေါင်း ၅၀ နိုင်ငံကို ပြန့်ပွားနေပြီး လူဦးရေ ၂၈၀၀ ကျော်သေဆုံးနေပြီဖြစ်ပါတယ်။ ဗြိတိန်မှာလည်း စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုက ပရီးမီးယားလိဂ်ကိုပါ ရိုက်ခတ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာ အီတလီဘောလုံးလောကအတွင်း ဒီဗိုင်းရပ်စ်ပြသနာက ရိုက်ခတ်နေခဲ့ကာ ပွဲစဉ်တချို့ရွှေ့ဆိုင်းခဲ့ရသလို ကွင်းပိတ်ကစားရမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

တကယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ ဗြိတိန်အစိုးရရဲ့ အကြံပေးမှုတွေကို လိုက်လံဆောင်ရွက်ခဲ့ရမယ်ဆိုပါက လီဗာပူးလ်အတွက်တော့ အမှတ်ပေးဖလားရရှိဖို့က လွဲချော်နိုင်တယ်လို့ သိရတာဖြစ်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေက ၁၁ပွဲကစားဖို့ကျန်နေသေးပြီး လီဗာပူးလ်က နှစ်ပေါင်း ၃ဝအတွင်း ပထမဆုံးအကြိမ် ဆုဖလားရရှိဖို့ အနီးစပ်ဆုံးဖြစ်နေတာဖြစ်ပါတယ်။ 

ဒါပေမယ့် ဥရောပမှာ ဗိုင်းရပ်စ်ပြန့်ပွားမှုက ကြီးထားလာနေပြီး ဗြိတိန်အစိုးရရဲ့ စိုးရိမ်မှုကလည်း မြင့်တက်လာခဲ့ပြီး နှစ်လအတွင်းကျင်းပဖို့ရှိနေတဲ့ အားကစားအခမ်းအနားတွေကို ဖျက်သိမ်းဖွယ်ရာရှိနေပါတယ်။ ဆွစ်ဇာလန်အစိုးရကတော့ နိုင်ငံတဝှမ်းက လူ ၁၀၀၀ နဲ့အထက် ရှိမယ့် ပွဲအခမ်းအနားအားလုံးကို ဖျက်သိမ်းဖို့ ကြေညာထားခဲ့ပြီး ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ဖို့နဲ့ ကာကွယ်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ 

လီဗာပူးလ်က ၂၆ ပွဲအထိအနိုင်ရရှိထားကာ အမှတ်ပေးဇယားကို ဦေးဆာင်နေပြီး ပရီးမီးယားလိဂ်မှာ သူတို့အတွက်ကြောက်ရွံ့စရာပြိုင်ဘက်မရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကိုတော့ သူတို့ထိတ်လန့်နေရပြီဖြစ်ပါတယ်။ တကယ်လို့သာ ဗြိတိန်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုတွေ များပြားလာခဲ့မယ်ဆိုရင် အားကစားပြိုင်ပွဲတွေကို ဖျက်သိမ်းရမှာဖြစ်ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီအတွက် ချန်ပီယံဆုနဲ့ တန်းဆင်းဇုန်အသင်းတွေကို ပယ်ဖျက်သွားနိုင်တယ်လို့ Daily Mail ကလည်း ဖော်ပြခဲ့ပါတယ်။ 

Share

က္က