အီတလီမှာ‌တော့ ပြည်တွင်းအားကစားပွဲတွေအကုန် ရပ်ထားပါပြီ။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပွဲတွေကို ပွဲရွှေ့ဖို့ထက် ကွင်းပိတ်ကစားစေခြင်းတောင် မရှိသေးပါဘူး။

ကိုရိုနာ ဗိုင်းရပ်စ်ကို အကြောင်းပြပြီး ဗြိတိန်မှာ မည်သည့် အားကစားပြိုင်ပွဲမှ ရပ်နားဖို့ အစီအစဥ် မရှိဘူးလို့ အားကစား၊ယဥ်ကျေးမှုနှင့်ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လာတယ်လို့ BBC SPORTက ‌ဖော်ပြ လာပါတယ်။



တနင်္လာနေ့က DCMSနဲ့အားကစားအစိုးရလူကြီးပိုင်းတို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး လူစုလူဝေး ဖြစ်မှုကို ဖယ်ရှားလိုက်မယ်ဆိုရင် ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာနိုင်မှုကို လျော့ချနိုင်မယ်လို့ သိရပါတယ်။

“ အခြေခံ သတင်းအချက်အလက်ကတော့ မထိတ်လန့်ဖို့ပဲ ပြောချင်ပါတယ်။”လို့ ရပ်ဘီအားကစားကွန်ယက် အမှု ဆောင်ချုပ် ဘေလ်ဆွီနီးက ဆိုပါတယ်။

ဗြိတိန်အနေနဲ့ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခံရမှု နိုင်ငံတွေထဲမှာ စောင့်ကြည့်ရမယ့် နိုင်ငံ စာရင်းထဲမှာ ပါဝင်နေပါသေးတယ်။

ဒါပေမယ့်လည်း အားကစားပြိုင်ပွဲတွေက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ရုတ်တရက်ချက်ခြင်းဆိုသလို မဖြစ်စေနိုင်ဘူး လို့တော့ ယဥ်‌ကျေးမှုဝန်ကြီးဌာန အတွင်းရေးမှူး အိုလီဗာက ဆိုပါသေးတယ်။

လူပေါင်း ၃၀၀‌ လောက် ကူးစက်ခံနေရပြီလို့ သိထားရတဲ့ UKမှာ ၅ဦးသေဆုံးခဲ့ပြီ ဖြစ်တယ်လို့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ကွင်းပိတ်ကစားစေတာမျိုးတောင်မလုပ်သေးပဲ ကွင်းအတွင်း ကစားသမားအချင်းချင်း လက်ဆွဲမနှုတ်ဆက်စေခြင်း၊ပရိသတ်တွေကို ဓာတ်ပုံ အတူတွဲမရိုက်စေခြင်း လက်မှတ်ပေးမထိုးစေခြင်းတို့ဖြင့်ကာကွယ်နေပါတယ်။

လိဂ်ပွဲတွေကို ကွင်းပိတ်ကစားရင် ကောင်းမလားဆိုတဲ့ အပေါ်မှာတော့ ပရီးမီးယားလိဂ် အမှုဆောင်ဒါရိုက်တာ ဘေလ်ဘုရှ်က- “ ဒီအပေါ်မှာ မှတ်ချက်ပေးဖို့ မဖြစ်နိုင်ဘူး၊”လို့တော့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အစည်းအဝေးမှာတော့ လိုအပ်ရင် တံခါးပိတ်ကစားဖို့အထိ ဆောင်ရွက်ထားပြီး တံခါးပိတ်ကစား မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲဆိုတာတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါ သေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က