ကူးစက်ခံရသူတောင်မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

လတ်တလော လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ (၄)ဦးထိ ရှိနေပြီး ကူးဆက်ခံထားရသူတွေလည်းရှိနေတယ်ဆိုတဲ့ သတင်းက သတင်းအမှားသာဖြစ်တယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းက အသိပေးပြောကြားခဲ့ပါတယ်။ 

photo- ရန်ကုန်နာရေးကူညီမှုအသင်း(ပျံ့နှံ့နေ‌သော သတင်းအမှားပုံရိပ်များဖြစ်ပြီး H1N1ဖြစ်ပွားခဲ့တုန်းက ပုံရိပ်များဖြစ်ပါတယ်)

မြန်မာနိုင်ငံမှာ H1N1 ရောဂါဖြစ်ပွားစဉ်အတွင်းက ရန်ကုန်နာရေးကူညီမှုအသင်းက ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူတွေဆိုပြီး လူမှုကွန်ရက်မှာ သတင်းအမှားတွေကိုဖြန့်ဝေနေတာလည်းဖြစ်ပါတယ်။ 

အခုလို နာရေးကူညီမှုအသင်းက ဓာတ်ပုံတွေကို အသုံးပြုပြီး အများပြည်သူထိတ်လန့်အောင် သတင်းအမှားဖြန့်ဝေနေမှုကိုတော့ နာရေးကူညီမှုအသင်းရန်ကုန်အနေနဲ့ ရှုံ့ချကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဖေော်ဝါရီလ(၂၇)ရက်နေ့ ည (၈)နာရီအထိ ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာတစ်ဦးတစ်ယောက်မှမရှိကြောင်းနဲ့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

ဒီကနေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ရက်စွဲနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်ရောဂါကို တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်းကိုလည်းအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ညနေပိုင်းထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူ (၈၂,၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူက (၂၈၀၀)ကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။




Share

Loading Next Article...
က္က