ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်-၂၆မှာ အဓိကပြိုင်ဘက် ချဲလ်ဆီးကို ရင်ဆိုင်ရမှာပါ။

ယူနိုက်တက်အနေနဲ့ စပိန်နိုင်ငံမှာ လေ့ကျင့်ခြေစမ်းမှုများပြုလုပ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီကစားသမားအပြောင်းအရွှေ့စျေးကွက်တွင် တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှင်ဟွာအ သင်းကနေ ၆လအငှားစာချုပ်နဲ့အတူ ယူနိုက်တက်အသင်းဆီကိုရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးအီဂါလို အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်အချိန်ကာလကြောင့် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာပါဝင်နို င်ခြင်းမရှိသေးဘူးလို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။


တရုတ်နိုင်ငံကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားခြင်းရှိမရှိအခြေအနေအတွ က် ရက်သတ္တပတ် ၂ပတ်၊ ၁၄ရက်စောင့်ကြည့်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးချက်ထုတ်ပြန် ထားတဲ့အတွက် ယူနိုက်တက်ကို လွန်ခဲ့တဲ့ ၁ဝရက်ကမှ တရုတ်နိုင်ငံကနေ ထွက်ခွာလာတဲ့ အီဂါလိုအ နေနဲ့ စောင့်ကြည့်ခံနေရဆဲလည်းဖြစ်ပါတယ်။



“ အီဂါလိုအနေနဲ့ သီးသန့်နည်းပြဆရာနဲ့အတူ ကြံ့ခိုင်မှုအတွက် ပြင်ဆင်နေပါတယ်။ ၁၄ရက်မပြည့်ေ သးတဲ့အတွက် မန်ချက်စတာမှာပဲ လေ့ကျင့်မှုတွေဆက်ပြီး ပြုလုပ်နေဦးမှာပါ။ သတ်မှတ်ရက်ပြည့်တာ နဲ့ ယူနိုက်တက်အသင်းဂျာစီကို အီဂါလိုဝင်ခွင့်ရမှာပါ ”လို့ယူနိုက်တက်နည်းပြဆိုးလ်ရှားက အတည်ပြု ပြောဆိုခဲ့တာပါ။

နိုင်ဂျီးရီးယားတိုက်စစ်မှူးအီဂါလိုအနေနဲ့ ပွဲကစားဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုပိုင်းရှိနေခဲ့ပေမယ့် ဗြိတိန်အ စိုးရအာဏာပိုင်များက သတ်မှတ်ထားတဲ့ ရက်ပိုင်း ၁၄ရက်အထိ စောင့်ကြည့်ခံနေရတာဖြစ်ပြီး သီးသန့် လေ့ကျင့်မှုအချို့သာ ပြုလုပ်နေရတာလည်းဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားကတော့ ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူးအီဂါလိုကို ချဲလ်ဆီးအသင်းနဲ့ရင် ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ကစားသမားစာရင်းမှာထည့်သွင်းအသုံးပြုလိုနေခဲ့ပြီး ကစားသမား ဖြစ်သူကတော့ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ခွင့်တစ်ကြိမ်မှ ရရှိထားခြင်းမရှိသေးတဲ့အတွက်အခ က်အခဲအချို့ရှိနေခဲ့တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က