ပြီးခဲ့တဲ့ လအတွင်းက ကူးစက်ခံခဲ့ရတာပါ။

အင်္ဂလန်ပရီးမီးယားလိဂ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေအဖြစ် အိုဒွိုင်နဲ့ အာဆင်နယ်နည်းပြအာတီတာတို့နှစ်ဦးတည်းသာ ရှိခဲ့တာလည်းဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ချယ်လ်ဆီးတောင်ပံကစားသမားအိုဒွိုင်က သူ့အနေနဲ့ ပုံမှန်အတိုင်းပြန်လည်ဖြစ်နေပြီလို့ အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပရိသတ်တွေကို အသိပေးပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက အိုဒွိုင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ အသေးစားဝေဒနာလေးတွေသာ ခံစားခဲ့ရတယ်လို့ သူ့ရဲ့ပြောဆိုမှုအရ သိရပါတယ်။ 

အသက် ၁၉ နှစ်အရွယ် ကစားသမားက သူ့ရဲ့အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးခဲ့ပြီး မကြာခင်မှာ အားလုံးပုံမှန်အခြေအနေအတိုင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောဆိုခဲ့ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေအဖြစ် အိုဒွိုင်နဲ့ အာဆင်နယ်နည်းပြအာတီတာတို့နှစ်ဦးတည်းသာ ရှိခဲ့တာလည်းဖြစ်ပါတယ်။

"ကျွန်တော်အကောင်းဆုံးဖြစ်နေပြီလို့ ခံစားရပါတယ်၊ ကျွန်တော့်မှာ ဗိုင်းရပ်စ်ကူးခံခဲ့ရပြီး အခုတော့ ရှင်းရှင်းလင်းလင်းပျောက်ကွယ်သွားပါပြီ၊ ကျွန်တော်အပြည့်အဝကောင်းမွန်နေပြီလို့ ခံစားရပါတယ်၊ ဒါကြောင့် အားလုံးကောင်းနေပြီလို့ ကိုယ့်ကိုယ်ကိုလည်း ခံစားနေရပါတယ်၊ ပြီးခဲ့တဲ့ သုံးပတ်လောက်က ကျွန်တော်ဖျားနာခဲ့ပါတယ်၊ တနင်္လာနေ့မှာ ကျွန်တော်အနည်းငယ်ပူလောင်သလိုခံစားခဲ့ရပြီး ဒါပုံမှန်မဟုတ်ဘူးဆိုတာ တွေးခဲ့ပါတယ်"

"ငါ ဘာတွေလုပ်ခဲ့ပါလိမ့်လို့တောင် စဉ်းစားနေခဲ့တာပါ၊ နောက်နေ့ကျတော့ ပုံမှန်အတိုင်းပဲပြန်ဖြစ်သွားခဲ့ပါတယ်၊ ကျွန်တော်ထင်ခဲ့တာက ဒါက အပူချိန်နည်းနည်းတက်တာလို့ပေါ့၊ ဒါပေမယ့် အဲဒီလိုမဟုတ်ခဲ့ပါဘူး၊ ရောဂါလက္ခဏာခံစားခဲ့ရတာပါ၊ အရာရာတိုင်းက မြန်မြန်ဆန်ဆန်ပဲဖြစ်ပျက်ခဲ့ပြီး ဒီဗိုင်းရပ်စ်ပိုးက ကမ္ဘာပေါ် ကြီးမားပြန့်ပွားပြီး လူအများကြီးအပေါ် အကျိုးသက်ရောက်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး"

"လူတိုင်းဂရုစိုက်ကြပါ၊ ဗိုင်းရပ်စ်ပိုးကလည်းမကြာခင်မှာ ပျောက်ကွယ်ပြီး အားလုံးပုံမှန်အတိုင်းပြန်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်" လို့ အိုဒွိုင်းက ပြောဆိုသွားခဲ့ပါတယ်။ အိုဒွိုင်က ယူရို၂၀၂၀ ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့တာက သူ့အတွက်အခွင့်အရေးတစ်ခုဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ 

Share

Loading Next Article...
က္က