mask မတပ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေအများကြီး ရှိပါတယ်

Facebook ဟာ ပလက်ဖောင်းပေါ်က Mask မတပ်ရေး လှုပ်ရှားနေတဲ့အကြီးဆုံး Group တစ်ခုကို ဖယ်ရှားလိုက်တယ်လို့ ဆိုပါတယ်။

COVID-19 နဲ့ ပတ်သက်ပြီး သတင်းမှားဖြန့်ချိနေတဲ့ Unmasking America ဆိုတဲ့ Facebook Group အဖွဲ့ကြီးကို ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ Unmasking America ဟာ public group အဖြစ် ဖွဲ့စည်းထားတာ ဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၉၆၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။



Photo: The Verge

ဒီအဖွဲ့အကြောင်းဖော်ပြချက်မှာ "ပါးစပ်နှာခေါင်းစည်း Mask နဲ့ ပတ်သက်တဲ့ အမှန်တရားကို ဖြန့်ဖြူးရာ" လို့ ပါရှိပါတယ်။ ဒီ Group ဟာ Facebook ‌‌ပေါ်က Mask မတပ်ရေး လှုံ့ဆော်နေတဲ့ ဒါဇင်နဲ့ချီတဲ့ အဖွဲ့တွေထဲက တစ်ခု ဖြစ်ပြီး Public Group ဖြစ်လို့ လွယ်လင့်တကူလည်း ရှာဖွေနိုင်ပါတယ်။ 

Mask တပ်ဆင်ခြင်းဟာ အောက်ဆီဂျင်စီးဆင်းမှု ဟန့်တားရာရောက်ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ Unmasking America အဖွဲ့က ရေးသားထားပါတယ်။ "mask တပ်တဲ့အခါ သင်ဟာ တစ်ခြားသူအားလုံးကို အန္တရာယ်ပေးနိုင်ပြီး ကူးစက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေအဖြစ် ကြေညာလိုက်တာပါပဲ" လို့ ပို့စ်မှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကန့်သတ်ဖို့အတွက် အမေရိကန် ‌ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်မှု စင်တာ CDC ဟာ လူအများအကြား သွားလာရာမှာ Mask တပ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။ mask မတပ်ချင်သူတွေဟာ Facebook ပေါ်မှာ groups တွေ ဖွဲ့စည်းပြီး mask တပ်ဆင်မှုကို ကန့်ကွက်လှုပ်ရှားနေကြပါတယ်။

Facebook ကုမ္ပဏီဟာ ဒီအဖွဲ့တွေကို အန္တရာယ်ရှိတဲ့ COVID-19 သတင်းမှား ဖြန့်ဖြူးလှုံ့ဆော်မှုနဲ့ လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒါမီအိုယက်ဖီဆိုက ဆိုပါတယ်။ 

Photo: Wall Street Journal

Facebook ရဲ့ စည်းမျဉ်းအရ Group တစ်ခုဟာ သတင်းမှားတွေကို ထပ်တလဲလဲ မျှဝေမှုလုပ်နေရင် သုံးစွဲသူရဲ့ News Feeds ပေါ်မှာ Group ပေါ်က အကြောင်းအရာတွေ ပျံ့နှံ့မှု လျှော့ချမှာ ဖြစ်သလို Group အင်အား မကြီးလာစေဖို့ သုံးစွဲသူတွေကို ဝင် Join ခြင်း အကြံပြုမှု ရပ်တန့်ထားပါတယ်။ Unmasking America လိုပဲ Facebook ပေါ်မှာ member ၃၄၀၀ ကျော် ရှိတဲ့ No Mas(K) နဲ့ လူပေါင်း ၁၇၀၀ ကျော် ရှိတဲ့ Anti-Maskers ဆိုတဲ့ အဖွဲ့တွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

The Verge သတင်းမှာလည်း အဖွဲ့ဝင်ပေါင်း ၈၀၀၀ နီးပါး ရှိတဲ့ Million Unmasked March ဆိုတဲ့ Facebook Group တစ်ခုဟာ mask မတပ်ရေးလှုံ့ဆော်နေတယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ Facebook ဟာ အစီရင်ခံစာတစ်စောင်ထုတ်ခဲ့ပြီး ဒီအစီရင်ခံစာထဲမှာ COVID-19 နဲ့ ဆက်စပ်ပြီး content ပေါင်း သန်း ၅၀ ကို သတိပေးတဲ့ warning labels များ တပ်ခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က