ရာသီကြိုခြေစမ်းပွဲစဉ်အားလုံးဖျက်သိမ်းရဖို့ရှိနေခဲ့တာပါ။

ပရီးမီးယားလိဂ်အနေနဲ့ ပွဲစဉ်အချို့ကို ဧပြီ ၃ရက်နေ့အထိရွှေ့ဆိုင်းခဲ့ခြင်းကြောင့် ရာသီပိတ်နောက်ဆုံးပွဲစဉ်တွေ နဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေအကြား အခက်အခဲအချို့ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်အချို့ရွှေ့ဆိုင်းခဲ့ရတဲ့အတွက်ပရီးမီးယားလိဂ်အသင်းကြီးများတွင် ငွေကြေးအရဆုံး ရှုံးမှုပိုင်း မြင့်တက်လာခဲ့ပြီး ရာသီကြိုခြေစမ်းပွဲစဉ်အားလုံးဖျက်သိမ်းရနိုင်တဲ့အတွက်လည်း စတာလင်ပေါင်သန်း နဲ့ ချီ ဆုံးရှုံးရမှုပိုင်း အများဆုံးဖြစ်လာနိုင်ခြေရှိနေတယ်လို့ dailymail ကသုံးသပ်ဖော်ပြလာပါတယ်။



ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်၊ စပါး၊ လက်စတာအသင်းတို့အနေနဲ့ ၂၀၂၀-၂၁ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အာရှနိုင်ငံအများစုကိုရွေးချယ်ထားတာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ခရီးစဉ်အားလုံးကို ဖျက်သိမ်းဖို့အထိရှိနေခဲ့တာလည်းဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားအနေနဲ့ ရာသီသစ်အတွက် ရာသီကြိုခြေစမ်းခရီးစဉ်ကိုလာ မယ့် ရက်ပိုင်းအတွင်း အတည်ပြုဖို့ရှိနေခဲ့ပြီး အသင်းအများစုကတော့ တရုတ်နိုင်ငံကိုသွားရောက်ကြဖို့စီစဉ်ထား မှုတွေကို ပြန်လည်ပြုပြင်ရဖို့ရှိနေခဲ့တယ်လို့လည်း thesun ရဲ့သတင်းတစ်ရပ်မှာဖော်ပြထားပြန်ပါတယ်။

သတင်းရင်းမြစ်အများစုအရ ပရီးမီးယားလိဂ်ထိပ်သီးအသင်းအားလုံးအနေနဲ့ အာရှနိုင်ငံများဆီကိုလာရောက်ခြေ စမ်းမယ့်အစီအစဉ်တွေကို ပယ်ဖျက်ဖို့ရှိနေခဲ့ပြီး တဖက်တွင်လည်း စပွန်ဆာဝင်ငွေပေါင်သန်းပေါင်းများစွာဆုံးရှုံး ရဖို့ကသေချာနေခဲ့တာလည်းဖြစ်ပါတယ်။

ဧပြီ ၃၊ ၄ ရက်နေ့တွေအထိ ရွှေ့ဆိုင်းခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကြောင့် ပွဲစဉ်အများစုကဇွန်လအတွင်းမှာပြီး စီးမှာဖြစ်လို့ ယူရို၂၀၂၀ ပြိုင်ပွဲနဲ့အချိန်တိုက်ခဲ့တဲ့အပြင် ရာသီကြိုခြေစမ်းပွဲစဉ်တွေအတွက်လည်းရက်နီး ကပ်လာ ဖို့ရှိ နေတဲ့အတွက် အသင်းအများစုအနေနဲ့ စတာလင်ပေါင်သန်းနဲ့ချီဆုံးရှုံးနိုင်တဲ့အပြင် စပွန်ဆာကုမ္ပဏီအချို့ကို လည်း လမ်းခွဲရဖို့ရှိလာနိုင်တဲ့အတွက် အခက်အခဲများစွာရှိနေခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က