ဒီနေ့ ပြန်လည်ပြေးဆွဲပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ဆူးလေ-လေဆိပ်ကိုပြေးဆွဲတဲ့ YBS ယာဉ်ပေါ်မှာ ကိုရိုနာစောင့်ကြည့်လူနာတစ်ဦးကို တွေ့ရှိခဲ့ပြီးနောက်မှာတော့ အဆိုပါ YBS ယာဉ်ပြေးဆွဲမှုကိုယာယီရပ်နားထားခဲ့ပြီး ဒီနေ့ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှာပဲ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ ကျန်းမာရေးတာဝန်ရှိသူတွေက စောင့်ကြည့်လူနာကို ဝေဘာဂီဆေးရုံကိုပို့ဆောင်ခဲ့သလို YBS ယာဉ်ကိုလည်း ပိုးသတ်ဆေးဖြန်းတဲ့လုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူးဦးလှအောင်က Duwun ကိုပြောပါတယ်။ 

“ ကျွန်တော်တို့က ကိုရိုနာဗိုင်းရပ်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်တယ်။ အခုဖြစ်သွားတဲ့ကိစ္စမှာလည်း အဲဒီနေ့က ကားပေါ်မှာတွေ့တဲ့လူနာကိုလည်း ကျန်းမာရေးဘက်ကပဲ ဝေဘာဂီဆေးရုံကိုပို့တယ်။ ပြီးတော့ ကျွန်တော်တို့ယာဉ်နဲ့ ပတ်သက်ပြီးတော့လည်း ပိုးသတ်ဆေးဖြန်းတာတွေလုပ်ချင်တယ်ပြောတယ်။ အဲဒီနေ့ကပဲ ချက်ချင်းကားကို ပိုးသတ်ဆေးဖြန်းတာတွေလုပ်ခဲ့တယ်။ ပိုးသတ်ဆေးတွေဘာတွေဖြန်းပြီးတော့ ကျန်းမာရေးဘက်ကပဲ ကားကိုပြေးဆွဲခွင့်ပြုပြီးသားဖြစ်တယ်။ ဒီနေ့မှာပဲ အဲဒီကားပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနေပါပြီ” လို့ ဦးလှအောင်ကပြောပါတယ်။ 

YBS ကားပေါ်မှာတွေ့ရှိခဲ့တဲ့ mask အမျိုသားဟာ အသက်(၂၅)နှစ်အရွယ် မြန်မာလူမျိုးဖြစ်ပြီး ကိုရီးယားကပြန်လာတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

အဆိုပါအမျိုးသား ကိုရိုနာဗိုင်းရပ် သံသယလူနာမဟုတ်ပေမယ့်လည်း ဝေဘာဂီဆေးရုံမှာ စောင့်ကြည့် လူနာအဖြစ်ရှိနေတယ်လို့သိရပါတယ်။ 

Share

Loading Next Article...
က္က