Asia Model Star Award ဆုကို ရရှိခဲ့ပါတယ်။

ဟန်တီက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်တဲ့ 2019 Asia Model Festival ပွဲကြီးမှာ Asia Model Star Award ဆုုကို ရရှိခဲ့ပါတယ်။ ဒီဆုအတွက် ကျေးဇူးတင်စကားကိုလည်း ကိုရီးယားစကားနဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ခဲ့တာကြောင့် ပရိသတ်တွေလည်း အံ့သြခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Han Thi

ပရိသတ်အချစ်တော် အလှမယ် ဟန်တီကတော့ ဇွန်လ ၉ ရက်နေ့ ညက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Olympic Hall မှာကျင်းပပြုလုပ်ခဲ့တဲ့ 2019 Asia Model Festival ပွဲကြီးမှာ Asia Model Star Award ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ Asia Model Award 2019 ပြိုင်ပွဲမှာလည်း အကဲဖြတ် ဒိုင် တစ်ဦးအဖြစ် ပါဝင်ခဲ့ရသူဖြစ်ပါတယ်။ အမှတ်တရ ဗီဒီယိုဖိုင်လေးကိုတော့ Myanmar Beauty Talent Center Facebook Page ကနေ ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က တင်ခဲ့တာဖြစ်ပါတယ်။ 2019 Asia Model Festival ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ်လေး ဟန်တီနဲ့ အတူ အကယ်ဒမီဝတ်မှုံရွှေရည်ကလည်း Asia Special Award ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။


Photo: Han Thi

ဒီပွဲမှာတော့ ဟန်တီက ဆုလက်ခံရယူချိန်မှာပဲ ကိုရီးယား စကားနဲ့ ကျေးဇူးတင်စကားပြောကြားခဲ့ တာဖြစ်ပါတယ်။ ကိုရီယားစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောပြနိုင်ခဲ့လို့လည်း လာရောက်အားပေးကြတဲ့ ကိုရီးယားလူမျိုး ပရိသတ်တွေက အံ့သြမဆုံးဖြစ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဟန်တီ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာမဆုံးဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo; Han Thi

ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို Miss Supranational Internet ဆုကိုလည်း ရရှိထားပါတယ်။ တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

Photo: Han Thi

ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Origanization တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင်ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။ 



Share

Loading Next Article...
က္က