နာမည်က မာသထူးဝါးလို့ခေါ်ပါတယ်။

အိမ်လေးတစ်လုံး လိုချင်တယ်ဆိုတဲ့ သီချင်းနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေ ပိုပြီး သတိထားခြင်း ခံထားရတဲ့ လူငယ်အဆိုတော် ကောင်မလေး မာသထူးဝါးက ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့မြန်မာတိုင်းရင်းသူလေး တစ်ဦးပါ။

 

ဂီတကို ချစ်မြတ်နိုးတဲ့မိဘနှစ်ပါးက မွေးဖွားလာသူ

မြဝတီ၊မဲစောက်မှာ မွေးဖွားခဲ့သူ ကရင်တိုင်းရင်းသူလေး မာသထူးဝါးကတော့ ငယ်စဥ်ကတည်းကဂီတသံစဥ်တွေ နဲ့ ရင်းနှီးခဲ့သူလေးပါ။ ဖခင်ရဲ့ အနုပညာသွေး အပြည့်ပါတဲ့ သူမဟာ သီချင်းတွေ ဆိုနေရရင်ကို ပျော်နေတဲ့ သူ ဖြစ်ပါတယ်။ သူမသီချင်းစဆိုခဲ့တဲ့ အချိန်က သူငယ်တန်းကတည်းကပါတဲ့။

“သမီးက ငယ်ငယ်ကတည်းက သီချင်းဆိုဖြစ်ခဲ့တာ။ အပါးက ဂီတာတီးပေးတယ် ဖိုးမူကြီးက ဆိုတယ်။ စဆိုတဲ့အချိန်က သူငယ်တန်းလောက်ကတည်းက ဆိုတာ ။ ကျောင်းတွေမှာလည်းသီချင်းဆိုတယ် ။၇ နှစ်လောက်ကတည်းက ပွဲတွေ တက်ပြီး သီချင်းဆိုဖြစ်တာပါ။ ပြီးတော့ Cover သီချင်းတွေလည်း ပြန်ဆိုဖြစ်ပါတယ်။ ကိုရီးယားရောက်တော့လည်း အော်ဒီရှင်တွေ ဝင်ဖြစ်တယ်” လို့ သူမက ဆိုပါတယ်။

သူမရဲ့ ဖခင်ဟာ ကရင်ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေ များစွာ ရရှိခဲ့သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ သူမတို့မိသားစုဟာ သူမရဲ့ ဖခင်ဆုံးပါးသွားပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူပြီး အခြေချ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo ; မာသာထူးဝါး

ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာကို ဝါသနာကြီးလွန်းတဲ့ ကလေး

မာသထူးဝါးဟာ ကိုရီးယားနိုင်ငံ နိုင်ငံခြားသား/ သူ တွေတက်တဲ့ကျောင်းမှာ ပညာသင်ယူနေတာဖြစ်သလို အခုချိန်မှာ (၆)တန်းတက်နေပြီလို့ သိရပါတယ်။ ကိုရီးယားမှာကျောင်းပိတ်တဲ့အချိန်တွေဆို မြန်မာနိုင်ငံ ပြန်လာပြီး အနုပညာအလုပ်တွေ ပြန်လုပ်လေ့ ရှိတဲ့ မာသထူးဝါးဟာ မကြာခင်မှာ မီနီအယ်လ်ဘမ် ထွက်ဖို့အတွက် ပြင်ဆင်နေပါတယ်။

“ဖိုးမူကြီး အခုမြန်မာနိုင်ငံ ပြန်ရောက်တုန်း မီနီအယ်လ်ဘမ်ထွက်ဖို့အတွက် ပြင်နေတာပါ။ ရိုက်ကူးရေးတွေ လည်း လုပ်ရင်းနဲ့ အခုပြန်လာချိန်မှာတော့ အပြီးမသတ်နိုင်သေးပါဘူး။မကြာခင် ထွက်ဖို့အတွက် ရည်မှန်းထားတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ အခွေထွက်ရင်လည်း ပရိသတ်တွေ အားပေးကြပါဦး” ဆိုပြီး သူမရဲ့ အခွေ လေးအ‌ကြောင်း ပြောပြခဲ့ပါသေးတယ်။

အနုပညာကို ဝါသနာအရမ်းကြီးတဲ့ မာသထူးဝါးဟာ နိုင်ငံတကာအထိ အောင်မြင်တဲ့ မြန်မာအဆိုတော် တစ်ယောက် ဖြစ်ချင်တာ သူမရဲ့ အိပ်မက် တစ်ခုပါတဲ့။







Photo : မာသထူးဝါး

ကိုရီးယားနိုင်ငံက တက်သစ်စ အဆိုတော် မြန်မာတိုင်းရင်းသူလေး

မာသထူးဝါးဟာ ၂၀၁၉ခုနှစ်က ပြုလုပ်တဲ့  MBC က နိုင်ငံတကာ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ရာက နာမည်ကြီး ရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ KBS နဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်ခွင့်ရတဲ့ အခွင့်အရေးတစ်ခု ပေါ်‌ပေါက် လာခဲ့ပါတယ်။ ၂၀၁၉ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကိုရီးယား၊ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ “အိမ်လေးတစ် လုံးလိုချင်တယ်” ဆိုတဲ့ မြန်မာသီချင်းနဲ့ ကိုရီးယားစင်မြင့်ထက်မှာ အဖွင့်သီချင်း သီဆိုခွင့်ရခဲ့ပါတယ်။

ဒီလိုအခွင့်အရေးမျိုးဟာ အရမ်းကို ထူးခြားလှတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ စင်မြင့်ထက်မှာ နိုင်ငံခြားသားလူမျိုးဆိုလိူ့ သူမတစ်ယောက်ထဲ ပါဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သီချင်းဆိုခွင့်ရမယ်လို့ ကြားလိုက်ချိန်မှာအရမ်းလည်း‌ေပျာ်တယ်ရင်လည်းခုန်တယ်။ သူတို့ဘက်က အိမ်လေးတစ်လုံးလိုချင်တယ် သီချင်းကိုဖျော်‌ ဖြေခိုင်းခဲ့တာ။ ဒီလိုပွဲမှာ ဆိုခွင့်ရတာပထမဆုံးပဲ။ ဗမာသီချင်းနဲ့ အဖွင့်သီချင်းကိုဆိုခွင့်ရလို့ ဂုဏ်ယူတယ်။ သူတို့တွေလည်းအရမ်း အားပေးကြလို့ ဝမ်းသာခဲ့ရပါတယ်” ဆိုပြီး ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အဖွင့်သီချင်းဖျော်ဖြေခွင့်ရတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာပါ။

Photo : KBS

နာမည်ကြီး ရုပ်သံလိုင်းမှာ ဖော်ပြခြင်းခံရသူ

 ကိုရီးယားရုပ်သံလိုင်း KBS ကလွှင့်တဲ့ My Neighbor Charles အစီအစဥ်မှာ သူမတို့ မိသားစု အကြောင်း ထုတ်လွှင့်ခဲ့ပါသေးတယ်။ My Neighbor Charles ဆိုတဲ့ အစီအစဥ်ဟာ တောင်ကိုရီးယားမှာ လာရောက်နေထိုင်ပြီး အောင်မြင်နေတဲ့ နိုင်ငံခြားသား/သူ တွေအကြောင်းကို ရိုက်ကူးပြသတဲ့ အစီအစဥ်တစ် ခုဖြစ်ပါတယ်။ အဲဒီအစဥ်မှာ သူမတို့ မိသားစုရဲ့ နေထိုင်မှုပုံစံလေးတွေ ၊မောင်လေးတွေအပေါ် ဂရုစိုက်ကြင်နာတတ်ပုံလေးတွေနဲ့ သူမရဲ့ တစ်နေ့တာ နေထိုင်မှုပုံစံလေးတွေကိုရိုက်ကူးပြသထားတာ ဖြစ်လို့ ပရိသတ်တွေပိုပြီး သတိထားမိခဲ့ပါသေးတယ်။ ဒါ့အပြင် KBS ရုပ်သံလိုင်းနဲ့အတူ Talk Show တစ်ခု လုပ်သွားဖို့ ရှိပါသေးတယ်လို့ သိရပါတယ်။

Photo : မာသထူးဝါး

ယဥ်ကျေးမှုနဲ့ဘာသာစကားကို ချစ်မြတ်နိူးသူ

မာသထူးဝါးဟာ မြန်မာယဥ်ကျေးမှုကို နှစ်သက်တဲ့ မိခင်က မွေးဖွားလာသူ တစ်ဦးဖြစ်တာကြောင့် ကိုယ့်ကိုကိုယ် မြန်မာနိုင်ငံသားဆိုတဲ့ စိတ်ကို မွေးပြီး ယဥ်ကျေးမှုတွေကို အမြဲတမ်း သင်ယူနေသူ တစ်ယောက်ဖြစ်တယ်လို့ လည်း သိရပါတယ်။ သူမရဲ့ မိခင်ကလည်း သူမကို မြန်မာ့ယဥ်ကျေးမှုနဲ့ ပတ်သက်ပြီး အမြဲတမ်းပြောပြလေ့ရှိ သလို ဗမာစကားကိုလည်းကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင် သင်ပေးတယ်လို့ သူမက ဆိုပါတယ်။

Share

Loading Next Article...
က္က