နှာတံလေးမြှင့်လိုက်တာတဲ့။

မော်ဒယ်သရုပ်ဆောင် ထွန်းကိုကိုဟာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦးပါ။ 2019 Incheon International Single-Media Festival ပွဲကို တက်ရောက်ရင်း ခွဲစိတ်ပြုပြင်လေးတစ်ခု လုပ်ခဲ့တယ်လို့သိရပါတယ်။

Photo : ထွန်းကိုကို

ထွန်းကိုကိုက ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကိုရီးယားမှာ 2019 Incheon International Single-Media Festival ပွဲကို မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့ပါတယ်။ အဲဒီ ပွဲကို သွားရင်း ကိုရီးယားရောက်တုန်း ခွဲစိတ်ပြုပြင်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကိုရီးယား ရောက်တုန်း နှာခေါင်းခွဲစိတ်မှုလေး လုပ်ခဲ့တယ်လို့ ပြောပါတယ်။

“နှာခေါင်း ထိပ်ကို နားနောက် က အရိုးနုယူထည့် ပြီး နှာတံကို ဆီလီကွန်ထည့်ခွဲစိတ် ခဲ့တာပါ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေကိုယ်တိုင် ခွဲစိတ်ပေးတဲ့အတွက် အစစအရာရာ အဆင်ပြေပါတယ်။ ဆေးခန်းမှာ မြန်မာစကားပြန်လဲရှိတာဆိုတော့ ဘာအခက်ခဲမှ မကြုံတွေ့ရတော့ဘူးပေါ့။ ကျွန်တော့ရဲ့ရွေးချယ်မှု မှန်ကန် ခဲ့တာပေါ့ဗျာ။အနားမှာနေပေးပြီးလိုအပ်တာ အကုန်လိုက်လုပ်ပေးတဲ့ ကိုအောင်တင်ထွန်း နှင့် ညီ မလေး J J jin ကျေးဇူးပါ ။စိတ်ပူပေးကြတဲ့ သူတွေအား လုံး လဲ ကျေးဇူးပါနော်” ဆိုပြီး သြဂုတ်လ(၂၀) ရက်နေ့ ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ထွန်းကိုကို

Plastic Surgery နဲ့ ပတ်သက်ပြီးတစ်ခါမှ မလုပ်ဘူးတာကြောင့် ပထမပိုင်းကတော့ ကြောက်စရာကောင်းမယ်လို့ ထင်ခဲ့တယ်လို့ သူကဆိုပါတယ်။ တကယ်တမ်း ခွဲစိတ်ပြီးတဲ့အချိန်မှာတော့ ထင်ထားသလောက် ကြောက်စရာမကောင်းဘူးလို့ သူက ပြောပါတယ်။ထွန်းကိုကိုဟာ အနုပညာပိုင်းတင်သာမက ပရဟိတပိုင်းကိုလည်း အားတက်သရောပါဝင်လုပ်ကိုင်နေသူ တစ်ဦးပါ။ သူ့အနေနဲ့ ပရဟိတအလုပ်တွေလုပ်နေပေမယ့်လည်း ထွန်းကိုကို နာမည်တပ်ပြီး အဖွဲ့အစည်း တစ်ခုအနေနဲ့ လုပ်သွားဖို့ မရှိပါဘူးလို့ ဆိုပါတယ်။

“ထွန်းကိုကို ဖောင်ဒေးရှင်းဆိုပြီး လုပ်ဖို့ မရှိပါဘူး။ အဖွဲ့အစည်းမဖြစ်ချင်ဘူး။ ထွန်းကိုကိုနဲ့ ထွန်းကိုကို ချစ်ကြသူများ ဆိုပြီး နာမည်ပေးထားတယ်။ အဖွဲ့ဆိုတဲ့ နာမည်ပါရင်တောင် ဖြုတ်ပေးဖို့ တောင်းဆိုတယ်။ အဖွဲ့အစည်းမဖြစ်ချင်ဘူး။ကျွန်တော်လုပ်နေတာ နာရေးကူညီမှု အသင်းမှာ အသင်းသားတစ်ယောက် အနေနဲ့ လုပ်တယ်။ အဖွဲ့တစ်ခု ခွဲထွက်တာမျိုးမလုပ်ချင်ဘူး။ “ လို့ သူက ဆိုပါတယ်။

Photo : ထွန်းကိုကို

ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့ ရုပ်ရှင်ဇာတ် ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia new star model contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က