မတ်လ ၂၁ ရက်ကစပြီး ပိတ်သိမ်းမှာပါ။

ကျိုက်ထီးရိုးဘုရားဖူးပွဲတော်ကို လာမယ့် မတ်လ ၂၁ ရက်ကစပြီး ပိတ်သိမ်းတော့မယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက Duwun ကိုပြောပါတယ်။

လတ်တလောစိုးရိမ်မှုတွေ မြင့်တက်နေတဲ့ COVID19 ရောဂါအခြေအနေကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့အနေနဲ့ ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်တွေကို ရပ်နားလိုက်တာဖြစ်ပါတယ်။



အဲဒီလို ရပ်နားလိုက်တဲ့အချိန်မှာ တောင်တက်ကားတွေကို အဆင်းအတက်အားလုံးပိတ်သိမ်းသွားမှာဖြစ်သလို ဈေးဆိုင်ခန်းတွေလည်း ရောင်းချခွင့်ရပ်နားလိုက်တယ်လို့ ဦးမြင့်သန်းဝင်းက ပြောပါတယ်။

“ မတ်လ ၂၁ ရက်ကစပြီးတော့ တောင်တက်တောင်ဆင်းကားတွေ အားလုံးရပ်နားပါမယ်။ ဈေးဆိုင်ခန်းတွေလည်း မရောင်းတော့ဘူး။ ဘုရားဖူးတွေက ခြေလျင်တက်ပြီး ဖူးမယ်ဆိုရင်တော့ ခွင့်ပြုထားပါတယ်” လို့ ဦးမြင့်သန်းဝင်းက ဆိုပါတယ်။

ကျိုက်ထီးရိုးဘုရားဖူးပွဲတော်ရာသီဟာ နှစ်စဉ် (၇) လခန့် ကျင်းပတာဖြစ်ပြီး အခုပိတ်သိမ်းလိုက်တာက ပုံမှန်ဘုရားပွဲတော်ကာလထက်ကို တစ်လခွဲကြိုတင်ပိတ်သိမ်းတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအတွင်းက နာမည်ကြီးဘုရားပွဲတော်တွေကို ဆက်တိုက်ပိတ်သိမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် ကျိုက်ထီးရိုးဘုရားပွဲတော်ဖွင့်လှစ်ထားခဲ့တာကြောင့် ဘုရားဖူးတွေ များပြားခဲ့ပါတယ်။

ဒါကြောင့် လူစုလူဝေးများပြားတဲ့နေရာတွေမှာ ပိုမိုကူးစက်မှုမြန်ဆန်နိုင်တဲ့ COVID19 ရောဂါကို ကြိုတင်ကာကွယ်နိုင်အောင် ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်ပိတ်သိမ်းဖို့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်အစိုးရကို မတ်လ ၁၆ ရက်က အကြောင်းကြားစာပို့ခဲ့တာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က