" မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်တွေ ထိခိုက်မှုတော့မရှိခဲ့ပါဘူး။

မွန်ပြည်နယ်၊ကျိုက်မရော မြို့နယ်အတွင်း ချောင်းနှစ်ခွ ကျေးရွာမှာ မိုးကြိုးပစ်ခဲ့မှုကြောင့် အထက်တန်း ကျောင်းတစ်ကျောင်း မီးလောင်မှု ဒီကနေ့သြဂုတ်လ ၂၈ ရက်မနက်ပိုင်း ဖြစ်ပွားခဲ့တယ်လို့ ကျိုက်မရောမြို့နယ်မီးသတ်စခန်းကသိရပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်စဉ် ကြောင့် အထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင် မီးလောင်ကျွမ်းပျက်ဆီးခဲ့ပြီး ဆုံရှုံးမှုတန်ဖိုး ကျပ်(၂၁၅)သိန်းဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ- MFSD

" မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်တွေ ထိခိုက်မှုတော့မရှိခဲ့ပါဘူး။ ကျောင်းမီးလောင်ခဲ့လို့ ငွေကျပ် သိန်း ၂၁၅ သိန်း ဆုံးရှုံးမှုရှိခဲ့ပါတယ်။(၈)နာရီ ကျော်မှာ မီးငြိမ်းပါတယ်။ဒီကနေ့မနက်  (၇)နာရီလောက်မှာ မိုးကြိုးထိမှန်မှုကြောင့် အထက်တန်းကျောင်း မီးလောင်နေတယ်ဆိုပြီးသတင်းရတာဖြစ်တယ်။ " လို့ကျိုက်မရောမြို့နယ်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ မိုးကြိုးပစ်မှုဟာ အထက်တန်းကျောင်းဆောင်ရှိ မိန်းခုံအားမိုးကြိုးထိမှန်ခဲ့တာကြောင့် မိန်းခုံကနေ တစ်ဆင့် မျက်နှာကျက်ကို မီးကူးစက်လောင်ကျွမ်းကာ နောက်ဆုံးမှာ ပင်မကျောင်းဆောင် အုတ်ညှပ်နှစ်ထပ်ဆောင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ- MFSD

မီးလောင်မှုကို ကျိုက်မရောမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၂)စီး၊မုဒုံနယ်မြေမီးသတ်စခန်းမှ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျွန်းရွာအရန်မီးသတ်မှ မီးသတ်ယာဉ်(၂)စီး၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံပရာနယ်မြေမီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁)စီး စုစုပေါင်း မီးသတ်ယာဉ် ၆ စီးနဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က