ဆုံးရှုံးမှုတန်ဖိုး သိန်း(၁၀၀)ကျော်ရှိခဲ့ပါတယ်။

မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေက ပြည်သူတွေအတွက် မီးဘေးစခန်းကို စာသင်ကျောင်းမှာ စီစဉ်ပေးထားပေမယ့်လည်း နေထိုင်တာမျိုးမရှိဘဲ နီးစပ်ရာအိမ်တွေမှာပဲ နေထိုင်လျှက်ရှိတယ်လို့ သိရပါတယ်။ 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ လက်ပံရွာမှာ ဒီဇင်ဘာလ(၂၂)ရက်နေ့ နေ့လယ်ပိုင်းက စတင်လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှု မှာ အိမ်ခြေ(၁၅)လုံးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁၂၇)သိန်းကျော်ရှိတယ်လို့ ကျိုက်မရောမီးသတ်ဦးစီးဌာနမှသိရပါတယ်။ ဖြစ်စဉ်မှာ လက်ပံရွာကျေးရွာနေ ဦးအရုတ်အိမ်က ထမင်းပေါင်းအိုးတည်ထားရာကအပူလွန်ကဲပြီး စတင်လောင်ကျွမ်းခဲ့တာပါ။

“ ကျွန်တော်တို့ မီးလောင်ကျွမ်းမှုမှာ ပါဝင်သွားတဲ့နေအိမ်ကသူတွေနေထိုင်ဖို့ စာသင်ကျောင်းမှာ စီစဉ်ပေးထားပေမယ့် နေတဲ့သူတော့မရှိဘူး။ သူတို့ ဘာသာနီးစပ်ရာအိမ်တွေမှာ နေနေကြတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့အတွက်လည်း ကယ်ဆယ်ရေးပရဟိတအဖွဲ့တွေ၊ မြို့နယ်ထွေအုပ်နဲ့ တာဝန်ရှိသူတွေက လိုအပ်တဲ့ပစ္စည်းလှူတာတွေတော့ အများကြီးရှိတယ်။ မီးလောင်ပြင်မှာ အိမ်တွေပြန်ဆောက်ပြီးနေဖို့ကျတော့ ချက်ချင်းမဖြစ်နိုင်သေးဘူး။ ထွေအုပ်နဲ့ တာဝန်ရှိသူတွေက ပြန်လည်ထူထောင်ရေးအစီအစဉ်တွေနဲ့ ဆောင်ရွက်သွားမှာ” လို့ ကျိုက်မရော မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးဝင်းတင့်က Duwun ကိုပြောပါတယ်။

photo- အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (မီးလောင်ပြင်မှ ပြန်လည်ရရှိတဲ့ရွှေထည်ပစ္စည်းများ)

မီးလောင်မှု အပြီးမှာတော့ ပရဟိတအသင်းများက မီးလောင်ပြင်မှာ ကူညီရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပေးရာမှာတော့ ရွှေထည်ပစ္စည်းတချို့ကို ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

" ကျွန်တော်တို့ရွှေထည်တွေပြန်တွေ့တဲ့ အိမ်က အိမ်ရှင်ကိုပဲ အကုန်ပြန်အပ်ခဲ့တယ်။ ရွှေထည်တွေက အရည်တွေပျော်ကုန်တာ၊ တချို့ကလည်း ပုံပျက်နေပြီမဲပြီးတာ့၊ ပြန်ရတဲ့ အပိုင်းအစအားလုံးကိုတော့ ပိုင်ရှင်ကိုပဲ ပြန်အပ်ခဲ့တယ်" လို့ အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

အဆိုပါမီးလောင်မှုဟာ မနေ့က (၁း၄၅)မိနစ်အချိန်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အချိန်တစ်နာရီနီးပါးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကိုတော့ မီးသတ်ယာဉ်(၁၇)စီးနဲ့ အရံမီးသတ်အင်အား(၅၀)ဦး၊ သန္ဓေ (၇၀)ဦးတို့က မီးငြိမ်းသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့အိမ်က အိမ်ရှင် ဦးအရုတ်ကို အမှုဖွင့်အရေးယူထားတယ်လို့ ဦးဝင်းတင့်ကပြောပါတယ်။

Share

Loading Next Article...
က္က