မက်ဆီရဲ့ ပြောစကားက ရေဒီယိုတစ်ခုကတဆင့် ပေါက်ကြားသွားပါပြီ။

ကိုးလ်မန်းနဲ့မက်ဆီတို့ သီးသန့်တွေ့ဆုံမှုကို ရေဒီယိုတစ်ခုက သတင်းပေါက်ကြားခဲ့တာဖြစ်ပြီး မက်ဆီက အသင်းဥက္ကဌဘာတိုမြူကို ယုံကြည်မှု သိပ်မရှိဘူးဆိုတဲ့ စကားထွက်ပေါ်လာခဲ့တာပါ။

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့နည်းပြသစ် ကိုးလ်မန်းတို့နှစ်ဦး သီးသန့် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးအသံဖိုင် ပေါက်ကြားခဲ့လို့ မက်ဆီ ဒေါသထွက်စိတ်ပျက်နေတယ်လို့ Daily Mail ကဖော်ပြလာပါ တယ်။


နည်းပြသစ် ကိုးလ်မန်းက နည်းပြ ဖြစ်လာပြီးနောက် ဘာစီလိုနာအသင်းရဲ့ အခြေအနေတွေနဲ့ အနာဂတ်မှာ စီစဥ် ဆောင်ရွက်ရမယ့် အခြေအနေတွေအတွက် အထောက်အပံ့ဖြစ်အောင် အသင်းခေါင်းဆောင် မက်ဆီနဲ့ သီးသန့် တွေ့ ဆုံဆွေးနွေးခဲ့တာပါ။

ဒီဆွေးနွေးမှုကြောင့် မက်ဆီဟာ သူ့ရဲ့ အားလပ်ရက်ထဲက အချိန်ကို ဖဲ့ယူခဲ့ရပြီး စပိန်ကို ပြန်လာကာ နည်းပြနဲ့ တွေ့ ဆုံဆွေးနွေးခဲ့တာပါ။

သူတို့ ဆွေးနွေးမှုကိုတော့ စပိန်ရေဒီယိုလိုင်းတစ်လိုင်းဖြစ်တဲ့ RAC 1 ကနေ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး မက်ဆီရဲ့ နည်းပြနဲ့ တွေ့ဆုံစဥ် ပြောစကားတွေအကုန်လုံး ပေါက်ကြားသွားတာပါ။

မက်ဆီက - “ကျွန်တော်က အသင်းရဲ့ အတွင်းပိုင်းထက် အပြင်ပိုင်းကို ပိုမိုတိုးတက်စေချင်တာပါ။နောက်ပြီး အသင်းကို တည်ငြိမ်အောင် ဥက္ကဌ ဘာတိုမြူစွမ်းဆောင်နိုင်မယ်ဆိုတာလည်း ယုံကြည်မှု နည်းနေပါတယ်။” လို့ ပြောခဲ့တာတွေ ပေါက်ကြားလာတာပါ။

အခုအခြေအနေကြောင့် မက်ဆီနဲ့ ကလပ်အသင်း ဥက္ကဌကြားက ဆက်ဆံ‌ရေး ပျက်ပြားနိုင်ပြီး အသင်းက ထွက် ခွာဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေတဲ့ မက်ဆီကို အသင်းက ထွက်စေဖို့ နောက်ထပ် တွန်းအားတစ်ခု ဖြစ် လာစေဖို့ ရှိနေတာပါ။

မက်ဆီနဲ့ ဘာစီလိုနာအသင်းကြားမှာလည်း စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး မက်ဆီကို အခြားအသင်းက ခေါ်ယူချင်ပါက စာချုပ်လျော်ကြေး ပေါင်သန်း ၆၃၀ရှိနေပါတယ်။

မက်ဆီနဲ့ ဘာစီလိုနာ နောက်ဆုံး ချုပ်ဆိုထားတဲ့ စာချုပ်အရ မက်ဆီဘက်က ဘောလုံးရာသီပြီးဆုံးချိန်မှာ စာချုပ်မပြည့်မီ တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းလို့ ရနေတာကလည်း မက်ဆီကို ဘာစီလိုနာက လွယ်လွယ် ထွက်ခွာခွင့်ပြုထားသလို ဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က